|
ဗွီဒီယိုကလစ်များ ကောင်းမွန်စွာ ကြည့်ရှုနိုင်ရန် လမ်းညွှန်
မိမိတို့ဝဘ်ဆိုက်ရှိ
ဗွီဒီယိုကလစ်များကို ကောင်းမွန်စွာ ကြည့်ရှုနိုင်ရန်အတွက် ဤလမ်းညွှန်အား
ရေးသားအပ်ပါသည်။ ကြည့်ရှုသူအနေဖြင့် ဗွီဒီယိုစာမျက်နှာအား စဖွင့်လိုက်
သည်နှင့် ကြည့်ရှုသူ၏ကွန်ပျူတာ စွမ်းဆောင်ရည်နှင့်
အင်တာနက်ကွန်နက်ရှင်မြန်နှုန်းအပေါ် မူတည်၍ ဗွီဒီယိုကလစ်များ မိမိ Screen
တွင်ပေါ်လာမှု အနှေးအမြန်ရှိနိုင်ပါသည်။ သို့သော် စိတ်ရှည်သီးခံပြီး
စောင့်ဆိုင်းစေလိုပါသည်။ ခေါင်းစဉ်တခုတိုင်းအောက်တွင်
ဗွီဒီယိုကလစ်တခုစီ ရှိပါသည်။
(ပုံ-၁)
ဗွီဒီယိုကလစ်များ Screen တွင် ပေါ်လာလျှင်
မိမိကြည့်ရှုလိုသော ဗွီဒီယိုကလစ်၌ (ပုံ-၁) တွင် ပြထားသည့်အတိုင်း Play
Button ကို နှိပ်ပါ။ နှိပ်ပြီးပြီးချင်း ဗွီဒီယိုကို စတင်ကြည့်ရှု
နိုင်မည်မဟုတ်ပါ။ ဗွီဒီယို ဒေါင်းလော့ဒ်လုပ်နေမည်ဖြစ်၍
စောင့်ဆိုင်းရပါလိမ့်မည်။
(ပုံ-၂)
ဒေါင်းလော့ဒ်လုပ်ခြင်းသည်လည်း မိမိစက်နှင့် အင်တာနက်ကွန်နက်ရှင်အရ
အနှေးအမြန် ရှိနိုင်ပါသည်။ (ပုံ-၂) တွင် ပြထားသည့်အတိုင်း Pause Button
ကိုနှိပ်၍ စောင့်ဆိုင်းပါ။ သို့မဟုတ်ပါက ဒေါင်းလော့ဒ်လုပ်ပြီးသမျှ
Play နေမည်ဖြစ်၍ သွားလိုက်၊ ရပ်လိုက်ဖြစ်နေသဖြင့် ကြည့်ရှုနေသူ
စိတ်အနှောင့်အယှက် ဖြစ်ရပါလိမ့်မည်။
(ပုံ-၃)
ထို့နောက် (ပုံ-၃) တွင်
ပြထားသည့်အတိုင်း Play Line တဖြည်းဖြည်း အရောင်မဲနက်လာမှုနှင့်
ဗွီဒီယိုကြာချိန်ကို တွေ့ရမည်ဖြစ်သည်။
(ပုံ-၄)
နောက်ဆုံးဆင့်အနေဖြင့်
(ပုံ-၄) တွင် ပြထားသည့်အတိုင်း Play Line တလျှောက်လုံး
အရောင်မဲနက်လာပြီဆိုလျှင် Play Button နှိပ်၍ ဗွီဒီယိုကလစ်အား
အဆင်ပြေစွာ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
အဆင်ပြေချောမွေ့စွာ
ကြည့်ရှုနိုင်ပါစေ။ |