|
စက်တင်ဘာရဲ့
ညနေခင်းတခု ပက်ပက်စက်စက် မှောက်ကျသွားပုံများ ရေဒီယိုထဲက
မိစ္ဆာတို့ရဲ့ နတ်ဆိုးထိုးသံတွေ လမ်းများပေါ်ကို နှလုံးသားတွေထဲကို ဖိတ်စင်လွင့်ကျလာသည်အထိ .....။
ကမ္ဘာမကြေ
တေးသံဟာ မှောက်ကျသွားတဲ့ ညနေခင်းထဲမှာ တောက်တောက်ပပနဲ့ အလျှံတညီးညီး
“လက်ချင်းချိတ်ထားကြ” “ကြောချင်းကပ်ထားကြ” “အရှုံးမပေးဘူးကွ” “လမ်းတွေပိတ်ထားကြ” “သစ်ပင်တွေ
လှဲထားကြ” “သပိတ်စခန်းတွေကို အခိုင်အမာ ကာကွယ်ကြ” “ရရင်ရ
မရရင်ချ” ဒါဟာ.....
ငရဲပွက်သံ သွေးပျက်သံမဟုတ် ကျောင်းသား
ပြည်သူ ရဟန်းရှင်လူတို့ရဲ့ ရဲရင့်တဲ့
တိုက်ပွဲခေါ်သံဖြစ်တယ် .....။
မှောက်ကျသွားခဲ့တဲ့ စက်တင်ဘာရဲ့ ညနေခင်းတခုဟာ အော်ဂလီဆန်စရာ ငါတို့ရဲ့
အနာဂတ်တွေအပေါ်မှာ ငါတို့ရဲ့
မျိုးဆက်တွေအပေါ်မှာ ငါတို့ရဲ့
နိုင်ငံတော်အပေါ်မှာ ကပ်ရောဂါဆိုးတခုလို အမြစ်တွယ်နေချိန်မှာ ငါတို့တတွေရဲ့ ညီညွတ်ရေးဆိုတာကလည်း မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုမျိုး *အိပ်ရေးမဝသေးတဲ့ ဝက်ဝဝကြီးလို ဒီယိုင်
ဟိုထိုး ကိုယ်ကျိုးနည်းစရာချည်းသာပ .....။
ရဲဘော်တို့ရေ ..... အဆုံးသတ်တိုက်ပွဲထဲမှာ ဂမ်ဘာရီကို
မေ့ထားလိုက် ဘန်းကီမွန်းကို မေ့ထားလိုက် ပြည်ပအကူအညီတွေ မေ့ထားလိုက် သင်တို့ရဲ့
ပြင်းပြတဲ့ စိတ်ဆန္ဒကိုသာ ယုံကြည်ချက်လေးပေါ်တင်ပြီး ပစ်လိုက်စမ်းပါ၊ မှောက်ကျသွားတဲ့ စက်တင်ဘာညနေခင်းထဲမှာ လွတ်မြောက်ခြင်းတေးသံနဲ့ သမိုင်းသစ်ကိုဖွင့်လှစ်ကြမယ်.....။
။ |