|
၁။ သမိုင်းဝင်နေ့ရက်များရဲ့ ဆည်းဆာလွန်မြောက် တိမ်တောက်ကွယ်ပုန်း အမှောင်ဖုံးချိန် အမေ့အိမ်ကို
လွမ်းမိတယ်။
၂။ အမေ့အိမ်ပေါက် အလွမ်းရောက်စဉ် တိတ်ဆိတ်ကြေကွဲ ဘယ်မှာလဲ
အမေ ….
စိပ်ပုတီးတကုံး ကြိမ်မီးအုံးလျက် သားအတွက်ပူဆွေး နှလုံးသွေးများ မျက်ရည်ဖြစ်သွား ဘုရားစင်ရှေ့မှာ။
၃။ အရှင်ဘုရား.. တပည့်တော်မ အနှစ်နှစ်ဆယ်လုံးလုံး သားပြန်အလာကို စောင့်မျှော်နေခဲ့ရပါတယ်… ဘုရား အမေ့ကျေးဇူး မဆပ်ဖူးချင်နေပါစေ ခေတ်တခုပြောင်း စနစ်ဟောင်းကို တွန်းလှန်ဖြိုဖျက် ပြည်သူအတွက် သမိုင်းတခေတ် ထုဆစ်ရဲသူ ဤလိုလူပင် မိဘကျေးဇူးဆပ်သည် မှတ်ယူပါသည်… ဘုရား။
အဲဒီလို
ဘုရားတိုင်ရတုဟာ ခေတ်တိုင်းမှာ အမေတွေရဲ့
ရင်ထဲက စီးဆင်းခဲ့တာ အသေအချာပါ။
၎။ သမိုင်းဝင်နေ့ရက်များရဲ့ ဆည်းဆာလွန်မြောက် တိမ်တောက်ကွယ်ပုန်း အမှောင်ဖုံးချိန် အမေ့အိမ်ကို
လွမ်းမိတယ်။ |