|
ကမ္ဘာကြီးတခုလုံးကတော့ သူမကို မှန်းဆ သတိတရနဲ့
တမ်းတ နွမ်းလျှလျှ
နှလုံးသားနဲ့ တေးကဗျာတွေ
သီဆိုတော့မယ်
. . .
နိုင်ငံတကာမှာ ပြင်ထားတဲ့ သူမအတွက်
အခမ်းအနားတွေကလည်း
အကောင်းဆုံးတွေဖြစ်ပါလျက်နဲ့ တစုံတခု
လိုနေသလို
အနက်အဓိပ္ပါယ်က
မပြည့်စုံသလို
. . .
အဖြူရောင်ကိတ်မုန့်တလုံးရဲ့ မာန်တင်းတဲ့ မျက်နှာပြင်ဟာ မချိတင်ကဲ
ပြုံးနေရင်းက
မျှော်လင့်တောင့်တခြင်းတွေနဲ့
ပိုင်ရှင်အစစ်ကို လွမ်းနေဆဲ
. . .
ဖယောင်းတိုင်ခြောက်ဆယ့်နှစ်တိုင်ရဲ့ ပြာလဲ့လဲ့
မီးစတွေခမျာ
ဆွေးမြေ့ဖွယ်ကောင်းလောက်အောင် ယိမ်းနွဲ့နွဲ့ ကနေရင်း
မျက်ရည်စက်တွေ တလိမ့်လိမ့်ကျ
. . .
တက်ရောက်လာသူအားလုံးက
မွေးနေ့သီချင်းတွေသီဆိုပြီး
လက်ခုပ်တွင်တွင်တီးနေပေမဲ့
သူတို့တတွေရဲ့ ရင်ထဲမှာ တောက်ခတ်သံအသီးသီးနဲ့
လက်သီးတခါဆုပ်လိုက်တိုင်း
အာဏာရှင်တွေ ကြေမွသွားတယ်။
သေချာတာတခုက သူမဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်တယောက်မှာတော့
ဒီအချိန်ဆိုရင်
အားလုံးအပေါ် မေတ္တာထားပြီး ဗုဒ္ဓ အနုဿတိ
တရားဒေဿနာ
ပွားများနေမှာ မလွဲပါဘူး။
အကယ်၍များ
ရနိုင်မယ်ဆို
ကျနော်တခုဖြစ်ချင်တယ်
တက္ကသိုလ်ရိပ်သာ ရွှေအိမ်နန်းမှာ
မွေးနေ့ပန်းတွေ ဆင်ကာမြန်းလို့
တောက်ပအပြုံးတွေ ဝေဆာလန်းတဲ့ သူမမျက်နှာ ရွှင်ပျပျကို တမ်းတမ်းတတ
မြင်ချင်တယ် တမ်းတမ်းတတ
မြင်ချင်တယ် တမ်းတမ်းတတ
မြင်ချင်တယ်။ ။
x x x x
x |