|
ကမ္ဘာမြေဟာ
ကောင်းကင်မပါသောညကို
ယောင်လို့တောင်မှ
အိမ်မက်မမက်ခဲ့။
ရုပ်ဝတ္ထုတို့ရဲ့
အနာဂတ်ငတ်မွတ်မှုမှာ
သမိုင်းနိဂုံးကမ္ပလုပ်လိုသူရဲ့ အပြာရောင်အတု စာမျက်နှာအတုမှာ
ဆားထိခရုတကောင်လို သူ့ကိုယ်ထဲသူပျော်ဝင်သွား။
ရာစုနှစ်အားလုံး၌
ရှုံးနိမ့်ခြင်းနိယာမ
မြိုသိပ်ခြင်းခါးသီးမှု ယဉ်ကျေးရေးအစဉ်အလာထဲ
အိတ်ခ်ျဂျီဝဲလ်ရဲ့ ကာလယန္တယား
ခရီးသွားဆဲသာပ။
ကိုစိမ်းနီရေ ခင်ဗျားရဲ့
“ထာဝရ မိုးကောင်းကင်”
ကြည်လင်ကျမ္မာလျက်
ခရီးဆက်ထွက်ခွာ မနက်ဖြန်
ရာဇ၀င်ကောင်းကင်မှာ
ချဉ်းနင်းဝင်ရောက် ရှင်ပြန်ထမြောက်လာလိမ့်မယ်ဆိုတာ ကျုပ်တို့
ရဲရဲယုံတယ်။ ။
x x x x
x |