|
၁၉၆၀ ပ၊ ထ၊
စ
ကြက်ဆီပြန်က တခွက် ၀က်သားနီလံက
တပွဲ ငါးခြောက်က
တပန်းကန် ဟင်းရံက
တပွဲ
ချဉ်ပေါင်ကျော် ငပိနဲ့ တို့စရာက
တပွဲ ဒို့အိမ်က
ထမင်းပွဲ။
၁၉၇၀ မ၊ ဆ၊
လ ငါးခြောက်က
တပန်းကန် ဟင်းရံက
တပွဲ
ချဉ်ပေါင်ကျော် ငပိနဲ့ တို့စရာက
တပွဲ ဒို့အိမ်က
ထမင်းပွဲ။
၁၉၈၀ မ၊ ဆ၊
လ ငါးခြောက်က
တပန်းကန်
ချဉ်ပေါင်ကျော် ငပိနဲ့ တို့စရာက
တပွဲ ဒို့အိမ်က
ထမင်းပွဲ။
၁၉၉၀ န၊ ၀၊
တ
ချဉ်ပေါင်ကျော် ငပိနဲ့ ဒို့အိမ်က
ထမင်းပွဲ။
၂၀၀၀ န၊ အ၊
ဖ တို့စရာ
ငပိနဲ့ ဒို့အိမ်က
ထမင်းပွဲ။
၂၀၀၇ န၊ အ၊
ဖ ထမင်းရည်သောက်တဲ့ပွဲ ခွဲတမ်းနဲ့
ဆင်နွှဲ ဒို့အိမ်က
ထမင်းပွဲ။
၂၀၀၇
(စက်တင်ဘာ) န၊ အ၊ ဖ ဒီတခါ
ထမင်းပွဲမဟုတ် သန်းရွှေရဲ့လူသတ်ပွဲ သွေးတွေနဲ့နွှဲ ဒို့ပြည်သူအသဲနှလုံး ကွဲကြေတဲ့ပွဲ။
၂၀၀၈ (မေလ)
န၊ အ၊ ဖ
စစ်ကျွန်တံဆိပ် သံပူနှိပ်ဖို့
ဗိုလ်ချုပ်တစု စိုင်းပြင်းလာတဲ့ ထောက်ခံပွဲကို ဒို့ပြည်သူ
ဘာလုပ်မလဲ Vote-NO,
Vote-NO ကန့်ကွက်ပွဲပေါ့။ ဒီပြင်မက
ဖက်ဆစ်ဆိုးထက် ကိုးဆယ်ဆသာ စစ်အာဏာရှင်
စစ်ဘီလူးကို စစ်ကျွန်မခံ
ဒို့အားမာန်နဲ့
အပြီးတိုင်ချေမှုန်းရေး ဒို့အရေးလို့
လူတိုင်းကိုယ်စီ တာဝန်ရှိကြသည်။ ။
|