|
ဟောဒီမြေရဲ့
သဲနုနုတွေပေါ့
... ဧရာဝတီလက်မောင်းပေါ်
ဒဏ်ရာအသစ်နဲ့
သောင်ထွန်းကျန်ရစ်ခဲ့
ဓမ္မ ထွန်းကားရာ
ပခုက္ကူမြို့လေးမှာ။
ဟောဒီ မြေရဲ့ ကြယ်စင်လေးတွေပေါ့ လတစင်းဆွဲငင်အားနဲ့
စက်တင်ဘာ
မိုးသက်တို့ကြား
သားပျောက်မိခင်များ
မြစ်တစင်း
... ညင်သာစွာ
စီးဆင်းရင်း။
ချွေးဒီးဒီးကျ
ကြေကြ
သို့သော်မကြေ။
သွေးဒီးဒီးကျ ကြွေကြ
သို့သော် ကမ္ဘာမကြေ။
သားပျောက်မိခင်များ
မြစ်တစင်း
...
ရွှေတိဂုံခြေရင်းမှာ
ဖြောင့်တန်းစွာစီးဆင်းရင်း
သူ့ခြေရာတွေ
သမိုင်းသစ်တခုအဖြစ်
ကျန်ရစ်ခဲ့လေရဲ့။
။ |