|
နောင်တမဲ့ပုံရိပ်များ ဘယ်တော့မှ
လရိပ်မနားနိုင်တဲ့
ဗီဇနဲ့ခင်းရာလမ်းမှာ
ခြေသံပြင်းပြင်းနဲ့
ထွက်လာနေကြပြီ။
မေ ပြီးရင်
ဇွန်
မျက်ရည်မိုးတွေ
ဖြိုင်ဖြိုင်ကျခဲ့ရတဲ့
ဇူလှိုင်မှာပေါ့ကွယ်
... ။
သား ရေ …… လောကပါလတရားတွေ
ဒလဟောချွတ်ခြုံကျပြီးရင် ကျနေရတဲ့…..
တို့(ဒို့)ရွာကလေး
ဖွတ်တက်မှ…..
တောင်ပို့မှန်းသိတာ မဟုတ်ပါဘူး ဖွတ်မတက်ခင်ကတည်းက
တောင်ပို့မှန်း သိပြီးသားပါကွယ်။
သမီး ရေ….. ဟောဒီ….. အဆိုးဆုံး
ကာလဒေသဟာ
ဒီထက်ပိုပြီး ဘာများ
ဆိုးစရာကျန်တော့လဲ ဆန်အိုးထဲ
လက်နှိုက်ပြန်တော့ လက်ကို
မြွေကိုက်။
ရပ်ကွက်ထဲ…..
လမ်းထွက်ပြန်တော့လည်း
နောက်ကျောကို ခွေးကိုက်
အိမ်ကြက်ချင်း အိုးမည်းသုတ်
တိုက်နေတာပဲ တွေ့ရတယ်။
မြို့ပြထဲ…..
ဈေးထွက်ပြန်တော့လည်း
ဖုန်ထောင်းထောင်းထနေတဲ့ ဈေးကွက် …..
သံချေးတက်မျက်လုံးတွေ
မျက်လုံးချင်း ထွေခင်း…..
ချိုတပ်မြင်းတွေ
ခုံပေါက်နေတာကိုပဲ တွေ့နေရတယ်။
ဘုရားသွား
ကျောင်းတက် ပုတီးစိပ်
တရားရိပ်
ခိုပြန်တော့လည်း ဆည်းလည်းသံနဲ့
ခေါင်းလောင်းသံတို့ မချိုမြ ဆီမီး
ပန်းတို့ ညှိုးကုံကြ အမေ
ကိုးကွယ်တဲ့
သံဃာတော်တွေလည်း
မရှိကြတော့ဘူးကွယ်။
သား သမီး
တို့(ဒို့) ရေ….. တို့(ဒို့)မြေရေမှာ
တရက်စာနဲ့တသက်တာ
ခွဲခြားနားလည်ကြ။
တသက်တာနဲ့
တရက်စာ
ခွဲခြားနားလည်ကြ။
ကိုယ့်ရင်းနှီးမြုပ်နှံမှုနဲ့ကိုယ်ပဲ အသဲကြားက….. ကိုယ့်ကံကြမ္မာလက်သီးကို
ကျစ်ကျစ်ပါအောင်ဆုပ်
အားကောင်းမောင်းသန် နိုး သာ
နိုး လိုက်ကြ။ |