|
ဟိုတုန်းက၊
ဒီအချိန်ခါဆို တာတန်ကူး၊ လခါတော်ပေမို့
မြောက်ပြန်လေ၊ သုန်သုန်ဖြူးလာပေါ့ ပင်ပိတောက်၊
ညှာတံရိုးရယ်နဲ့ ပင်ငုဝါ၊
ညှာတံရိုးတို့ဖြင့် စိမ်းစိုဝါ၊ ဖူးငုံပွင့်ကြတယ် ခါတော်နွေ၊
ရွက်ကြွေတောမှာ လွမ်းစာခွေ၊
သံချိုနှောနေရဲ့ ဒီမြေတကြောက
ကိုရွှေဥသြ။
နေ့အခါ
လှိုင်းလုံးလို၊ တရိပ်ရိပ်တက်လာ ရေပက်ခံ၊
ကိုရွှေမြန်မာတို့ ဗျိုးဟစ်ခါ၊
ပျော်မြူးကြလေရဲ့ ဆိုးတကာ၊
ညစ်ထွေ ဆေးပုံက စိတ်လွတ်ကိုယ်လွတ်။
ရပ်ကွက်
ရွာ၊ မဏ္ဍပ်တကာဖြင့် ရေပန်းတွေ၊
ဖြိုင်ဖြိုင်ပွင့်ကြတယ် ပျိုကညာ၊
ယိမ်းအသင်းရယ်က သံသာယာ၊
တူးပို့သီချင်းနဲ့ ညီညီညာ၊
ယိမ်းနွဲ့အကမှာ ခြေကြွလက်လှုပ် အလှထူးကဲ။
ညအခါ တီတီတာ၊
စာအဖွဲ့ရယ်နဲ့ သင်္ကြန်ခါ၊
အခရာကျတဲ့ သံချပ်သံ၊
ညံမစဲပေဘူး ညအခါ၊
ရေသဘင်ပွဲကို နွှဲဆင်ကာ၊
တူပြိုင်ကျဲကြတယ်
ရွှေမြန်မာတို့ရဲ့ ထူးတဲ့သင်္ကြန်ပွဲ။
ခုလိုခါ၊
သင်္ကြန်မျိုးမှာ ငုရွှေဝါ၊
ပိတောက်ပန်းရယ်နဲ့ သံချပ်သံ၊
အရောင်အဆင်းဟာဖြင့်
ပိန်းပိတ်အောင်၊ မှောင်နေကြရတယ် မိစ္ဆာကောင်လက်အောက်က သင်္ကြန်ပွဲ ။ ။ |