|
ရွှေသီးတဲ့
မြေကြီးထဲမှာ
ထန်းသီးလည်းကြွေ စိုက်ခင်းကြေခိုက်
ဧည့်နားလိုက်နဲ့ ။
စုန်းစုန်းချုပ်ညကြီးထဲမှာ အိမ်သာလို့ ဧည့်လာတာ
မဟုတ်တဲ့
သံဧည့်သည်ကြီးခမျာ
ကြော်ညာလိုလို ပေါ်တာလိုလို
အဖျော်ယမကာလိုလို
လှော်စာလိုလို
မင်စာလိုလိုနဲ့။
ဒီချုံထဲက
ဒီကျားကို အရောင်ပြောင်းဖို့
မီးကျိုးမောင်းပျက် တုတ် ဓား
လေးမြှား လက်နက်တွေ
ထမ်းပိုးလာခဲ့ကြ။
တချို့ နေ့ခင်းကြောင်တောင်များပေါ့
ခပ်သိုးသိုးဆန္ဒနဲ့ …..
တ၀ါးဝါးသန်းနေတဲ့
ဟင်းလင်းပြင်ကြီးထဲမှာ အကြား အမြင်
အသံတွေကို
အနံ့ခံပြီး
…
သဲထိတ်ရင်ဖိုကြီးတွေ
အသံတိတ်ဖတ်လာနေကြ။
ခွေးအူသံတွေသာနေတဲ့
တောခြောက်မြို့ပြရဲ့
ပြဿဒါးလမ်းမှာ သံအခင်း
အကျင်းကိုက
မြွေနာတစ်ကောင်လို လွန့်လူးပြီး
ဒရွက်တိုက်ကြီး ……
ဓားခုတ်ရာကို
လက်ဝင်လျှိုသလိုပ။
အရှေ့
အနောက် တောင်
မြောက် အပြားလိုက်
ဒေါင်လိုက်
ခမ်းနားကြီးကျယ်မှု အသံတွေ
အသံတွေ……။
ညံခဲ့ကြ
မီးချောင်းမျက်လုံးထဲက ထွက်လာ
သွေးစုပ်ဖုတ်ကောင်ထဲက ထွက်လာ
သင်းကူချပ်ကောင်ထဲက ထွက်လာ ခပ်ပါးပါး
ဧည့်ခန်းထဲက ထွက်လာ
ရောင်စုံမြို့ပြကြီးထဲက ထွက်လာ
မွေးရာပါလူနာရွာကြီးထဲက ထွက်လာ
ပင့်ကူအိမ်ထဲမှာငြိနေတဲ့
ယင်ကောင်ထဲက ထွက်လာ။
ထွက်လာ
ထွက်လာနေကြ
ချုန်းသာချုန်းပြီး မရွာတဲ့
မိုးချုန်းသံလိုလို။
လယ်ကွင်းချောက်ချောက်ထဲက မိုးဦးကျ
ပုရစ်မြည်သံလိုလို။
ခေါင်မိုးမလုံတဲ့အိမ်အိုထဲက
အိမ်မြှောင်စုပ်ထိုးသံလိုလို။
လေတိုက်တိုင်းယိမ်းတတ်တဲ့
သစ်ပင်ပေါ်က…..
တောက်တဲ့မြည်သံလိုလိုနဲ့။
လူ့ပုံအလယ်မှာ…..
အကြောင်းဆုံခဲ့သမျှ
မောင်ပုံကိုစောင်းသင်ပေးကြ
ပိုးကြိုးလည်းကုံသွားပေါ့။
ပြောစမှတ်တွေအဖြစ်
ကျန်ရစ်ခဲ့လေရဲ့
မောင်ပုံစောင်းမတတ်တော့။ ။ |