Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဗျာ

 

 

အခါခါ ဘဝသေ
ရေမြွေအဖြစ်နဲ့ နေရ
တကယ်တော့ …
မြစ်ကျိုးအင်းတွေထဲက
ငါ့မျက်ရည်တွေမှန်း ဘယ်သူမှ မသိခဲ့။ 

ဝမ်းစာဖူလုံ
ဇာတ်စုံခင်း ငါ့ဘဝမှာ
အလိုရှိသမျှ
စပါးဆိုလည်း…စပါး
ငါးဆိုလဲ….ငါး
အားကုန်နေရင်တောင်
ဆားပုံထုတ်ကြွေး
ငါ ခရီးဝေးလည်း
သူ့တို့အလိုကျ သယ်ယူပေးခဲ့ရ။ 

မာယာ မများတတ်တဲ့ငါ
သာယာဝေစည်တုန်းကလည်း
မမော်ကြွားခဲ့တဲ့သူပါ
တသက်လုံး …
စနစ်အကောင်းအဆိုးကြား
တောင်းစုတ် ပလုံးစုတ်လည်း မပစ်ရက်
ရင်ဝယ်သားတွေကို ထွေးပွေ့
နေ့မအားညမအား
ငါ့ရင်ကိုခွဲ
ငါ့မျက်ရည်စီးကြောင်းကဖြစ်
ချောင်း၊ မြစ် စင်စစ်ကနေ
မြစ်ကျိုးအင်းထစ်
ရင်းလိုက်ကြတဲ့ ဈေးကွက်ထဲ
ငါ့ အသဲကွဲခဲ့တာလည်း အကြိမ်ကြိမ်။ 

ဟောဒီဘဝမှာ
ဖိုသဘော မသဘော
အဟောသိကံ
မြစ်မင်းသီအိုရီထက်
တသက်လုံး …
အဖြူရောင်မေတ္တာနဲ့စီးမျော
ငါ့ခန္ဓာသဘောအတိုင်း
ချစ်ရတဲ့သူတွေ
ခုတော့သေဆုံး ပျောက်ဆုံး
စုန်းစုန်းမြုပ်ခဲ့ရ
ကိန်းဂဏန်းတွေမြင့်
သေ၊ ရှင်ကျန်ရစ်သူတွေ
မြေဇာပင်လုံးလုံးဖြစ်
တစစီကြွေ
နွေနှောင်းမုန်တိုင်း
ထင်တိုင်းရိုင်းသမျှ
ဆုတောင်းမှားခဲ့ကြရော့သလား။ 

အခုတော့ …
ကျန်သေးသမျှ
ဒုက္ခအဝဝ လည်စင်းခံရ
ကူပါကယ်ပါလို့လည်း
ငါ မအော် မပြောနိုင်တော့
ကိုယ်တိုင်က မြစ်ဝကျွန်းပေါ်
ငါ့ခန္ဓာပေါ်က မဆုံးတဲ့အဖြစ်အပျက်နဲ့
ငါကိုယ်တိုင် အခါခါသေဆုံး
ပျက်သုဉ်းခြင်းတွေတည်ဆောက်
ခရီးပေါက်ပြီဆိုတဲ့
တာဝန်ရှိသူတွေ
တော်တော်ကြီးကို လော်လီဖောက်ပြား
ကြောက်စရာကောင်းလိုက်ပုံများ ….
ကုလသမဂ္ဂက ချော်
ငါ့သားသမီးတွေမျှော်တဲ့
ပင်လယ်ဝက ကယ်ဆယ်ရေးသင်္ဘောတွေလည်း
ဒစ်ပလိုမေစီအရ ဘာအရ ညာအရ
တခါမှ မလာကြ
နာဂစ်နဲ့များကွာပ။    ။

 ٭٭٭٭٭

PKU – August 01.08   
(နာဂစ်မုန်းတိုင်ဒဏ်သင့် ၃ လပြည့်)

 
 
 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com