|
အပူငြိမ်းစေတဲ့
နွေဦးမိုးက
မင်းကိုသယ်ခဲ့တာ
ပြတင်းတံခါးမှာ အဝါတွေ
ပြည့်လျှံ
ကောင်းကင်တော်တောင်မှ ဝါလဲ့လဲ့။
ပိတောက်ရဲ့
အဝေး
ငယ်ပန်းအလှလေးရဲ့အဝေး ဇာတိရဲ့အဝေး ဒီလိုနဲ့ နှစ်တွေ
ရွေ့ခဲ့တယ်။
ဒီမှာတော့ ဖိဖိစီးစီး ဒုက္ခ၊
ပင်ပန်းမှု၊ ငွေကြေး မယုံသင်္ကာ
မျက်ဝန်းများ
အထိအရှများတဲ့ လူ့ဘဝ
ပေါ့ပါးအောင် စိတ်ကို
ဘယ်ပေါ်တင်ထားရပ။
ပိတောက်တွေအကြိမ်ကြိမ်ပွင့်ခဲ့တယ် နှစ်တွေ
အကြိမ်ကြိမ်သစ်ခဲ့တယ် ဘဝကတော့
တဘဝထဲ ဒီလိုနဲ့
နှစ်သစ်တွေဆိုတာ ငါ့အတွက်
နှစ် အဟောင်းတွေသာ ဖြစ်ခဲ့တာ
ကြာ ချေ ပေါ့...။
အားလုံးကို
ဥပေက္ခာပြုလိုက်ရတယ် ငါက
ဒုတိယနိုင်ငံရောက်နေသူ။ ။
|