|
ဗိုလ်ချုပ်ကြီးတွေရဲ့လက်စွမ်း အံ့မခန်းစရာပါဘဲ ဟိုတုန်းက
ရွှေမြန်မာ ခုခါဝယ်
ကျွန်တွေဖြစ် ရင်နင့်စရာ။
ပတ္တမြား
နီလာနဲ့ ကျောက်စိမ်း
မြန်မာ့မြေပေါ်က ဇာတ်သိမ်းတော့မယ် ရေအောက်က
ရတနာသိုက်
ရောင်းစားလိုက်ပြန်ပါပြီ
ကျွန်းသစ်နဲ့ ပျဉ်းကတိုး
သွားကြားထိုးဖို့တောင်မကျန်
တိုးလိုက်ပြန်ပြီ လောင်စာဆီဈေး
မြှင့်လိုက်ပြန်ပေါ့အမြတ်ခွန်တွေ
တင်လိုက်ပြန်ပါပြီ မီတာကြေးတဲ့
ဂျာအေးသူ့အမေရိုက်
ရိုင်းလိုက်တဲ့ရာဇ၀င်
ပလ္လင်ပေါ်က မျောက်ကြီး
ဖျက်ဆီးခဲ့ပေါ့ ဒို့နိုင်ငံ
ဗျဿနတရားငါးပါး တပါးမှမကျန်။
ပလီပလာဉာဏ်တွေနဲ့
ဒီတခါလာပြန်ပါပကော ညီလာခံက
ဥပဒေတဲ့
ဆန္ဒတွေ ခံယူမယ်ဆိုပါလား။
ပြောလို့သာကြားရ ကိုယ့်နားကိုယ်မယုံ ကြုံခဲလှတဲ့
ဒီအခွင့်အရေး ပြည်သူတွေက
လက်နှေးမှာမဟုတ် မေတ္တာဆိုတာ
ကြေးမှုံပမာပဲလေ
ထင်းခွေရာမှာ မကြုံပေမဲ့
ရေခပ်မှာတော့ ဆုံကြပြီလေ။
သားစဉ်မြေးဆက်
ဒို့ရတက်အေးရေး
ဒို့အရေး
ဒို့အရေး ကန့်ကွက်မဲတွေပေးကြမယ်၊
ကိုယ်ယုံကြည်ရာ သာသနာ
အစဉ်အလာမပျက်ရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်၊
လူအချင်းချင်း နှိပ်စက်ခြင်း
ကင်းစင်သန့်ရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်၊ လူသတ်ဝါဒ
န အ ဖ
ပြုတ်ကျဖို့အရေး ဒို့အရေး ဒို့အရေး
ကန့်ကွက်မဲတွေပေးကြမယ်။
ဟဲလို
ဗိုလ်ချုပ်ရူးကြီးရေ ......
ဒီတခါတော့
ဘွာတေးဘွာတေး မလုပ်ကြေးနော်။
။ |