|
သူ့အမည် မောင်ငြိမ်းချမ်းဆိုပေမဲ့
သူ့အသွင်က ညှိုးနွမ်းလှတယ် သူ့အချစ်ကို လွမ်းနေတာမျိုးတော့မဟုတ် သူဖြတ်သန်းခဲ့တဲ့ ရွှေဝါရောင်လမ်း သူမျှော်မှန်းတဲ့ ပန်းတိုင် သူ့မှာကျိတ်မနိုင်ခဲမရ သဲရေကျဖြစ်စဉ် သူ့ဘ၀င်မှာ ဆွေးမြေ့တငွေ့ငွေ့ သူမမေ့နိုင် ငေးမှိုင်ရင်းတွေး သူက ကျနော့်ကိုမေးတယ်။
ဦးလေးဖြေပါ စက်တင်ဘာရွှေဝါရောင်တိုက်ပွဲကြီး ဒီလိုပဲ ပြီးသွားတော့မှာလားဗျာ ဘာကြောင့်များ အောင်ပွဲလွဲခဲ့ရပါသလဲခင်ဗျာ။
ဒီတခါ ငြိမ်ပြီးဆွေးနေမိတာကျနော်ပါ တိမ်တောင်တိမ်လိပ်တွေသဖွယ် ဆေးမှင်ရည်ချယ် မလွယ်ဆိုသလိုပ သူ့အရွယ်ငယ်ပေမဲ့ နက်နဲတဲ့
ပုစ္ဆာ အဖြေမှန်ရှာ ခက်ပါဘိ ရွှေမြန်မာပြည်အရေးပေမို့ ပညာရှိက၀ိဆွေတို့ရေ တွေးဆလို့ဖြေကြပါအုံး။
မောင်ငြိမ်းချမ်းရေ ဦးလေးဖြေမယ် သိပ်သေချာတာက စက်တင်ဘာမှဖွားမြင် အားအင်သစ်တွေ အသင်္ချေအနန္တ ငါ့မှာလေ မြင်နေရပြီမို့ မင်းတွေ့ချင်တဲ့ အရေးတော်ပုံ မဝေးတော့ဘူးဆိုတာ ယုံပါ။
။
๏๏๏๏๏ |