|
သံဃာ့ဇာနည်၊
ရှင်ဂမ္ဘီရ မြန်ပြည်ဂုဏ်ရည်၊ ကမ္ဘာတည်ထိ
ရောင်ခြည်လွှမ်းအောင်၊ သူစွမ်းဆောင်သည်
ချုပ်နှောင်မရ၊ သူ့အလှ။
သောတုဇနဘိက္ခူ၊ သံဃာဒူတ မူလသမဂ္ဂီ၊
တက်ကြွသည့်ပျိုရဟန်း
အံ့ဘနန်းဂုဏ်ပြောင်
ရွှေဝါရောင်တပ်ကြီးပေါင်းစု
အောင်မြင်မှုက၊ ထူးမြတ်လှ သူ့ဘ၀ပါရမီ။
ကိုယ့်လူမျိုးတွေကို ကျွန်ဇာတ်သွင်း စစ်ဖိနပ်နဲ့
နင်းချေ
သံဃာ့သွေးတွေ မြေကျ ပဉ္စာနန္တိရိယကံကြီးထိုက်တဲ့ လူမိုက်တွေကို ဝေးဝေးရှောင်
ပတ္တနိက္ကုဇ္ဇနကံဆောင်
အောင်မြင်ခဲ့ပြီ ရှင်ဂမ္ဘီ။
တလောကလုံးရဲ့၊ အကြီးဆုံးလက်နက်
မြတ်ဘုန်းစက်မှာ၊ မသက်မသာ မိစ္ဆာကောင်တွေ၊ ဘဝေဘ၀ နေရတော့မည်၊
ငရဲပြည်။
***** |