|
ခေတ်ဆိုး
စနစ်ဆိုး အကျင့်ဆိုးကျင့်တဲ့ စစ်အစိုးရရဲ့ သွေးဆောင်မှုကို
ငွေတစ်ထောင်၊ ဒံပေါက်တစ်ပွဲနဲ့ ဒီမှာ
သူငယ်ချင်း ... မင်း မလဲလိုက်ပါနဲ့။
အရွယ်အိုဘိုးဘွား မိန်းမသားတွေ အရိုးကြေ
အရေခမ်း လမ်းလျှောက်မှုအပေါ်
ဆော်ပလော်တီးမှ စားရတဲ့ ဒံပေါက်တစ်ပွဲကို ဒီမှာ
သူငယ်ချင်း ... မင်း မျိုမချလိုက်ပါနဲ့။
စည်းစိမ်ယစ်မူး အာဏာရူးတွေ စွန့်ကြဲလေတဲ့၊ တစ်ထောင်တန်တစ်ချပ်နဲ့ ငါတို့အပေါ်
ရက်စက်မှုကို ဒီမှာ
သူငယ်ချင်း ... မင်း မပြုလိုက်ပါနဲ့။
စွန့်စားလျှောက်လှမ်း၊ လွတ်မြောက်လမ်းကို
မခွဲတမ်းအတူ၊ ဒို့ပြည်သူနဲ့
ပေါင်းစည်းလာခဲ့၊ နေ့တစ်နေ့မှာ ဒီမှာ
သူငယ်ချင်း….. မင်း အဖြူရောင်ဝတ်ခဲ့ပါ။ ။
x x x x
x |