|
ကျုပ်တို့ကတော့ အောက်အသင်းပါ။ အောက်အသင်းဆိုမှတော့… အပေါ်သင်းကိုယှဉ်စရာ… ပရိတ်သတ်အင်အားကလွဲလို့…. ဘာဆိုဘာမှ မရှိပါဘူး။
အောက်အသင်းမို့…. ကျုပ်တို့အသင်းမှာ ကမ္ဘာကျော်လည်း မပါပါဘူး။ ကျော်ကြားတဲ့နည်းပြလည်း မရှိပါဘူး။ အောက်အသင်းမို့ ဒိုင်ကလည်း မျက်နှာသာမပေးပါဘူး။ အပေါ်အသင်းကိုနိုင်စရာ
အခွင့်အလမ်းလည်း မရှိသလောက်ပါပဲ။
အပေါ်အသင်းကြီးနဲ့ သူနိုင်ကိုယ်နိုင်
အပြိုင်အနိုင်နွှဲရတဲ့ပွဲမှာ ကံကောင်းခဲ့တယ်ပဲပြောပြော…. လူညီခဲ့လို့ပဲဆိုဆို….. ပုံပြင်လို့ပဲ ထားထား….. ၁၉၉၀ ခုနှစ်မှာ တစ်ခါနိုင်ခဲ့ဖူးပါပြီ။
ဒီရလဒ်ဟာ ကျုပ်တို့အောက်အသင်းအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ရလဒ်ပါ။ ဒီရလဒ်ကို အသိအမှတ်မပြုပါဘဲ….
ဒိုင်အာဏာအကုန်သုံးလို့ နောက်တစ်ခါပြန်ကန်အုံးဆိုလို့ကတော့ Sorry ပဲမောင်…. ကျုပ်တို့အောက်အသင်းကတော့ No ပါပဲ။
။ |