|
ခုလဲ သူက
ခရီးရှည်ကြီး ထွက်သွားပြန်ပါပြီ၊ သူ့တာဝန်တွေကိုပါ ထမ်းရင်း ကျမက
အိမ်မှာ ကျန်ခဲ့ရတယ်၊ ဒါပေမယ့်
ဒီတခါတော့ ကျမ ဘယ်လိုမျှော်မျှော် သူ အိမ်ကို ပြန်လာတော့မှာ မဟုတ်ဘူး၊
ကျမကိုယ်တိုင် သူ့လို ခရီးရှည်ကြီးထွက်ရမယ့်ရက်ကိုသာ တနေ့တော့
ရောက်ရမှာပါကလား။
လူထုဒေါ်အမာ “ချင်းတွင်းမှ ပင်လယ်သို့”မှ
၇ ဧပြီ ၂၀၀၈ ဒီသတင်း
သတင်းအမှားလို့  တစုံတယောက်က
ပြောလာလှည့်ပါလား
၇ ဧပြီ ၂၀၀၈ ဒါ….
ခြေဦးတည့်ရာ ထွက်သွားခဲ့တာမဟုတ် ဒါ….
လူထုနဲ့ဝေးရာ ကိုယ်လွတ်ရုန်း ထွက်သွားခဲ့တာလည်း မဟုတ် ဒါ….
ငါတို့ကို လျစ်လျူရှုထား ဥပေက္ခာတံခါး ပိတ်သွားခဲ့တာ မဟုတ် သေချာတာက
ထွက်ပြေးခြင်းဝါဒထဲမှာ အမေမပါ
၇ ဧပြီ ၂၀၀၈ အိုခြင်း
သေခြင်း
သည်ကျော့ကွင်းမှာ
ရှောင်ကွင်းလို့မရ ဖမ်းမိကြတာ သည်လောက
သည်ကမ္ဘာတ၀ှမ်းလုံးရဲ့ သဘောတံထွာ
ဓမ္မတာလို့ ဆိုရပေမယ့် သေချင်း
အတူတူ ဓားမချ
အလံမလှဲ လာရာ ခရီးထဲ အမေ ရဲရဲ
ဝင်ရောက်သွားခဲ့ခြင်းပါပဲ
လှမ်းကြည့်လိုက်စမ်း အမေ့သက်တမ်း
ခရီးကြမ်းထဲ မမောမပန်း
မငြီးမငြူ လူထုနဲ့အတူ
မှန်းကြည့်လိုက်စမ်း အမေ့သက်တမ်း
ရေဆန်လမ်းလည်း အေးအတူ
ပူအမျှ လူထုနားမှာ
ထာဝရ
လူထုချစ်လျှင် ကဗ္ပည်းတင်မည် မရဏသေမင်း
နာမည်ကောင်းစာရင်း ခွါယူမသွားနိုင်
လူထုချစ်လျှင် ကဗ္ပည်းတင်မည်
နေရာသမိုင်းစဉ် စာမျက်နှာ ဘယ်ခါ
မီးသင်္ဂြိုဟ်လို့  မရနိုင်
လူ့အဖြစ်
လူ့တာဝန်
ကျေပွန်သူဆို သဘာဝဓမ္မအလို
စီရင်ချက်ကို ဘယ်အခါ
မတွန့်မဆုတ် ခံယူကြဖို့ အမေ
နောက်ဆုံးပြသခဲ့ပါပြီ။ ။ |