Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဗျာ

 

 

 

 

‘အပူလောင်ဆုံး
နေလုံးအောက်မှာ
ကြိုဆိုပါတယ်
ပြိုမှာလေလား မေဦးမိုးရဲ့’ 

သေခြင်းတရား ဆိုတာ
မည်သူ့ အိမ်တံစက်မြိတ်အောက်မဆို
ရောက်လာတတ်စမြဲ လို့ 
သိထားပေမယ့်
သကျမုနိ မဟုတ်တဲ့ငါ
ဒီသတင်း ကြားကြားခြင်းပါပဲ
‘အို့  ဟို လန့် အော်တယ်’
‘ဘယ်လိုများ လုပ်ရမလဲ’
သန်းခေါင်ကျော်အောင် အိပ်လည်းမရ
‘ဘယ်လိုဖြေဖြေ မရတော့ဘူး’
စိတ်တွေက ကစဥ့်ကလျား
‘အများပြောတဲ့ သတင်းစကားလေးတွေကို’
တနေကုန် နားစွင့်ရင်း
ဒီသတင်း သတင်းအမှား လို့
အတည်ပြုကြမှ
သက်မ ချရ
သြော်… နှစ်အသစ်ဖွင့်ကတည်းက
ကြေကွဲအနိဌာနဲ့ စခဲ့ရှာရ
ဒို့ အထက်ပြည်အောက်ရွာ
အထိတ်တလန့် နိုင်ငံတော်ကြီးမှာ
ကြီးပြင်းလာကြသူတို့မို့
ဌာနီဝေးရာ ရောက်နေကြလည်း
ထိတ်လန့်ခြင်းက အကျင့်ပါ
အထိတ်တလန့်သတင်းနဲ့သာ ခရီးဆက်
စိတ်မသက်သာရပါလား
ဒီအပူ ဒီမီး အမြန်ချုပ်ငြိမ်းပြီးသွားအောင်

အပူလောင်ဆုံး
နေလုံးအောက်မှာ
ကြိုဆိုပါတယ်
ပြိုမှာလေလား မေဦးမိုးရဲ့
 

အုံ့ပါဖွဲ့ပါ တိမ်မဲညိုရယ်
နွေရဲ့နေနဲ့ ဖုန်တထောင်းထောင်းကို
ထောင်းထောင်းချေ အသေသတ်
အညာမြေလတ် မြစ်ဝကျွန်းပေါ်
ရိုးမ ဒီရေတော ကမ်းရိုးတန်းပင်လယ်
တောင်တန်းပြည်မ၊ မြို့ပြကျေးလက်
စစ်ဘက်နက်အောက် ပြားပြားမှောက်တို့
စစ်ဖိနပ်အောက် လူဖြစ်ရှုံးတို့ 
ကုန်းရုန်းထကြ ရဲဝံ့ကြတော့
မေဦးမိုးနဲ့ အတူအုံ့ဖွဲ့လို့
ကန့်ကွက်မိုးတွေ ရွာသွန်းဖြိုးတော့ 

လမ်းမပေါ်ထွက် ရင်ကော့ရဲသူ
မဲရုံချီတက် ကန့်ကွက်ကြတော့
မဲရုံထဲဝင် အောင်ပွဲပြင်လော့
ယမ်းပုံမီးကျ ပုံအောကြတော့
 

‘ခင်ဗျားလည်းပါတယ်’
အခြေအနေအရ မချစ်သော်လည်း အောင့်နမ်းနေသူ
ကန့်ကွက်ဓားကို ထက်ထက်သွေးတော့
ရန်သူ့နောက်ကျော ဓားထိုးထည့်တော့
‘ရှင်းအောင်ပြောမယ်’

မဲရုံချီတက် ကန့်ကွက်ကြတော့
မဲရုံထဲဝင် အောင်ပွဲပြင်လော့
ယမ်းပုံမီးကျ ပုံအောကြတော့
 

သင်ထည့်လိုက်တဲ့
ကန့်ကွက်ပုံးထဲ
မဲတချပ် ထိုးဝင်သွားသံ
သေသူတို့က နားစွင့်နေမှာ တကယ်အမှန်။       ။

                        ٭٭٭٭٭                      

 
 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org