|
‘တခါတလေ
ကိုယ်အသာရဖို့ ဘယ်နှစ်ခါ အနာခံရမလဲ အိုဘယ့်....
မနှင်းဆီရယ်’ အဲဒီနေ့က
ဆရာစိုင်းခမ်းလိတ်ရဲ့
‘မေတ္တာရေစုန်မျောခဲ့သူ’
သီချင်းကို
ကိုယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ကိုယ် နားထောင်ဖြစ်တယ်
ဒီလိုနဲ့ ဒေါ်စုအိမ်
ခြံစည်းရိုးကို အလှပဆုံး ဆေးသုတ်ပေးလိုက်တယ် အိမ်အနား
လွှင့်တင်ထားတဲ့
ခွပ်ဒေါင်းအလံကို အသစ်လဲ လွင့်တင်ပေးလိုက်တယ် ရန်သူ့
လှည့်စားမှုနဲ့ ဖွင့်လှစ်ခဲ့တဲ့ သက္ကရာဇ် (၂၀၀၇) ဟာ
ကိုမင်းကိုနိုင် ထောင်တွင်း အခြေအနေနဲ့ အဆုံးသတ်သွားတယ်
တချို့က
စိတ်ဓါတ်မကျဖို့ ပြောတယ် တချို့က
စိတ်မရှည်တော့ဘူးလို့ ပြောတယ် တချို့က
ဒင်းတို့ကို ဒုံးကျည်နဲ့ ပစ်ချမှ တချို့က
ဒင်းတို့ကို အုန်းဆီလည်း ဆွတ်မှ တချို့
ထိုင်ရာက မထ
ငုတ်တုတ်ကြီးကို အသက်မရှိတော့သလို တချို့
ထိုင်နေတာကမှ
တော်လှန်ရေးအတွက် ပိုပြီး အစဉ်ပြေလိမ့်မယ်
တချို့ကတော့
တနှစ်ပြောင်းတာကို စနစ်ပြောင်းတယ်လို့ ထင် အဟောင်းတွေ
ထားခဲ့စေချင်ပြန်သတဲ့ အဟောင်းတွေ
ထားခဲ့စေချင်တဲ့ မိတ်ဆွေ ဟိုမှာလေ
ရဲတဲ့ ခြေလှမ်းတွေ အဲဒါ (၄)ရက်
ဇန်န၀ါရီ (၂၀၀၈) ရွှေဂုံတိုင် ကြားတောရက စလို့
ရွှေတိဂုံဘုရားအနီးမှာ အဆုံးသတ်မယ့် ခြေလှမ်းတွေ မဟုတ်ဘူး (၂၀၀၇)
စက်တင်ဘာက စခဲ့တဲ့ ခြေလှမ်းတွေ
‘မဟုတ်သေးဘူး’
ရှစ်လေးလုံးက စခဲ့တဲ့ ခြေလှမ်းတွေ
အောင်ပွဲအရောက် လှမ်းမယ့် ခြေလှမ်းတွေပေါ့
အဟောင်းတွေ
ထားခဲ့စေချင်တဲ့ မိတ်ဆွေ
တနှစ်ပြောင်းတာနဲ့  အဟောင်းလုပ်လိုက်တော့မှာလား အဲဒီ
အဟောင်းတွေထဲမှာ
ငမိုးရိပ်ချောင်းက သံဃာ့အလောင်းပါတယ် အထက(၃)
တာမွေကျောင်းရှေ့  ရေမြောင်းပေါ်က
ကျောင်းသားလေးရဲ့  အထွေးလိုက်ဦးနှောက်တခု ပါတယ် လမ်းမထက်က
လူထု၊ သံဃာ သွေးစက်တွေ
ပါတယ်
အဟောင်းတွေ
ထားခဲ့ရမလား “ငါကတော့
ဒီအရေးအခင်းမှာ သေလို
့ရှိရင် နောက်ထပ် လူပြန်ဖြစ်ရင် ကလေးလေးပဲ
ရှိဦးမှာ”
မောင်သက်ပိုင်စိုး (အသက်၁၅နှစ်) (၂၇ စက်တင်ဘာ ၂၀၀ရ) ရက်နေ့
တာမွေ
အထက(၃)ကျောင်းရှေ့ ကျဆုံးကျောင်းသား
(ကျဆုံးမည့်နေ့ နံနက် အိမ်မှ အထွက် ပြောသွားခဲ့သော နောက်ဆုံးစကား)
အဟောင်းတွေ
ထားခဲ့ရမလား နှစ်ဟောင်း
(အဟောင်း)ဆိုတာ ထားခဲ့ဖို့ မဟုတ်ဘူး
လောင်ကျွမ်းပစ်ဖို့
နှစ်ဟောင်းတခုကို မီးပြင်းပြင်းတောက်မီးလျှံတခုနှင့် ပမာပြုပါ
ဖီးနစ်ငှက်လို အရှိန်ပြင်းပြင်းမီးတောက်မီးလျှံ တွေထဲက ခုန်ထွက်လာတဲ့တိုင် အရုပ်
အရိပ်နဲ့ အရောင် ဟူသမျှ မပြောင်းသေးပါဘူးဆိုရင် ‘အသင်
ဘယ်သူလဲ ချစ်သူလား။
မုန်းသူလား၊ ငါမသေမီ ဂနသေချာ။
သိချင်ပါဘိလေ မိတ်ဆွေလား။
ရန်သူလား’
ဒဂုန်တာရာရဲ့ ‘အမှောင်ထဲက ခြေသံများ’ ၂၀၀၈ ထဲကို
ယူခဲ့တယ်။
နှစ်ဟောင်းတခုကို မီးတောက်မီးလျှံတခုနှင့် ပမာပြုပါ
ဖီးနစ်ငှက်လို အရှိန်ပြင်းပြင်းမီးတောက်မီးလျှံ တွေထဲက ခုန်ထွက်လာတဲ့တိုင် အရုပ်
အရိပ်နဲ့  အရောင် ဟူသမျှ မပြောင်းသေးပါဘူးဆိုရင်
‘စွဲစရာရှိတာကို စွဲတတ်ခြင်းဟာ လူသားရဲ့ ဂုဏ်အင်္ဂါပဲ လောကမှာ
လူကလွဲလို့ အစွဲယဉ်ကျေးမှု တရား မရှိပါ’
ဆရာမောင်စွမ်းရည်ရဲ့ စွဲသင့်တာကို စွဲခွင့်ရှိတဲ့ စကား ၂၀၀၈ ထဲ
ယူခဲ့တယ်။
‘သံလွင်စစ်ကြောင်း
ညာလက်မောင်းဟေ့
စစ်မောင်းညံချီ ဒုဋ္ဌ၀တီ
မှိုင်းရည်စိမ်းမြ ရိုးမမြေဆီ
နောင်တော်မြတ်မို့ လက်အုပ်ချီ ပြည်သူ့ရဲ့
သွေး ပြည်သူ့ရဲ့
သွေး ဧရာဝတီ’ ထူးမြတ်တဲ့
နောင်တော့် နောင်တော်
တိုက်ပွဲပျော်တို့ရဲ့ ရဲသော ဂီတသံ လက်ဖျံရိုး
ဖြောင့်မတ်သူတို့ရဲ့ အောင်သံ ၂၀၀၈ ထဲကို
ယူခဲ့တယ်
သောင်းတိုက်ကမ္ဘာ တည်ရမယ်
အစ်ကိုတို့
မုန်းတဲ့ ဟစ်တလာက ပြောခဲ့တယ်
‘အောင်ပွဲရှိတဲ့ နေရာတိုင်းမှာ မူဆိုလီနီရှိတယ် ဒါပေမယ့်
မူဆိုလီနီရှိတဲ့ နေရာမှာတော့ အောင်ပွဲရှိတာ မဟုတ်ပါဘူး’
တဲ့ ၂၀၀၈ ထဲကို
ယူခဲ့တယ်
ဓားချက်ခုတ်ရာ အတင်း
လက်ဝင်ရှို ၀န်တိုမှု
တခုထဲနဲ့လည်း ငါ့ရန်သူ
မဖြစ်လိုနဲ့ ခုတ်ရာတခြား
ရှရာတခြား ဖြစ်ခဲ့ရင်လည်း ငါ့
အားနည်းချက်မို့ ခွင့်လွတ်ကြကွယ့်
ဒါမှမဟုတ်လည်း ကြိတ်မှိတ်သာ ခံလိုက်ကြပါ ငါ့
ဘ၀စာမျက်နှာမှာ ငါ့ရန်သူအဖြစ်တောင်
မောင်ရင်တို့အတွက် နေရာ မပေးနိုင်တာ
အားနာပါရဲ့ ငါ့ရန်သူဟာ
“ငါအသက်ရှင်နေသမျှ ကာလပတ်လုံး ရောမရဲ့
ရန်သူဟာ ငါ့ရန်သူပဲ ဖြစ်တယ်” (ဆီစာရို) ၂၀၀၈ ထဲကို
ယူခဲ့တယ်
နက္ခတ်နဲ့
ယှဉ်ပြီး ကျလာတဲ့ ငါ့
စကားလုံး မိုးစက်မိုးပေါက်များဟာ
မုတ်ကောင်ရဲ့ ပါးစပ်ထဲရောက်ရင်
ပုလဲဖြစ်သွားရမယ်
ငှက်ပျောပင်ထဲ ရောက်သွားရင်
ပရုတ်ဖြစ်သွားရမယ် ဒါပေမယ့်
မြွေပါးစပ်ထဲ ရောက်ရင်တော့
အဆိပ်ဖြစ်သွားပါလိမ့်မယ် ၂၀၀၈ ထဲကို
ယူခဲ့တယ်
ချစ်သူရေ
ဒီနေ့ ဒို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက
တုန်လှုပ်စရာကောင်းလှသော်လည်း ဒို့တွေ
အကြောက်လွန်ပြီး မှင်သက်နေဖို့တော့ မဟုတ်ဘူးကွယ့်
သမိုင်းဆိုတာ ဇာတ်ညွှန်းကြိုရေးထားတာလည်း မဟုတ်ပေဘူး ခက်တာက
ရုပ်နဲ့ နာမ်ကြားမှာ ရွေးချယ်စရာ
များများစားစား ဒို့မှာ
ဘာများ ကျန်သေးလို့လဲ ဆိုတာပဲ
ပြောင်းပစ်လိုက် ‘လ္ဘက်ကောင်း
စားချင်ရင် တနှစ်အတွင်း
အနိုင်တိုက်’
၂၀၀၈ ထဲကို
ယူခဲ့တယ်
သောင်းတိုက်ကမ္ဘာတည်ရမယ်။ ။ |