Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဗျာ

 

 

သင်၏ပုံတူ ရုပ်ပွားတဆူ
ပူဇော်ထုလုပ် သင့်အလုပ်က
တုပနှိုင်းယှဉ် ဗုဒ္ဓပင်တည်း
ဤကားသင့်အရာ တုပြိုင်စရာလော
သင်ကစော်ကား ဗုဒ္ဓဘုရား။ 

ဗုဒ္ဓတရား ဟောကြားငြားလည်း
သင်ကမကြိုက် သင့်အလိုလိုက်၍
ဟောကြားစေတာ
ဤကားသင့်အရာ စေခိုင်းစရာလော
သင်ကစော်ကား မြတ်တရား။ 

ပြည်သူဒုက္ခ တွင်းနက်လှ၍
မြတ်သံဃာတွေ စုပေါင်းစေလျှက်
ရွှေဝါရောင်အရေး ဆောင်ရွက်ပေးကာ
တောင်းဆိုငြားလည်း သင်ကထုချေ
သွေးစက်ချွေသည်
ဤကားသင့်အရာ သတ်စရာလော
သင်ကစော်ကား သံဃာများ။ 

၈၈ - ၉၀ ရန်ငြိုးသွယ်၍
မောက်မာစော်ကား ပြည်သူများအား
မှတ်သားရန်တု သင့်ကျွန်ပြု၏
ဤကားသင့်အရာ ကျွန်ပြုစရာလော
သင်ကစော်ကား ပြည်သူများ။ 

သာမန်ပြည်သူမှ ပေါက်ပွားလာရ
သင့်ဘ၀သည်
ပြည်သူကကြွေး ပြည်သူမွေး၍
အောင်မြင်ခဲ့ရ သင့်ဘ၀ကို
မာန်ကြီးစိတ်ဝင် အာဏာရှင်အဖြစ်
ခံယူလိုက်ခါ လုပ်ချင်ရာကို
မျှော်မြင်ကင်းမဲ့ သင်လုပ်ခဲ့၏။ 

တိုင်ပြည်အရေး ဆောင်ရွက်ပေးသည့်
ပြည်သူ့အကြံ သင်လက်မခံ
ပြည်သူ့ဆန္ဒ သင်ခါချခဲ့
ပြည်သူ့သဘော သင်မလိုက်လျှော
ပြည်သူကိုသာ နှိပ်ကွပ်ရာ၏။ 

ပြည်သူအကျိုး သယ်ပိုးသယောင်
ဟန်ဆောင်လုပ်ပြ သင့်လုပ်ရပ်က
အာဏာမြဲရေး စဉ်မျှော်တွေးလျှက်
တဆွေကောင်းမှု သင်ရှေးရှု၏
ပြည်သူများမှာ လက်ဗလာနှင့်
ဂုဏ်ရှိန်ညှိုးငယ် ကမ္ဘာ့အလယ်၌
မျက်နှာငယ်ရ ပြည်သူဘ၀။ 

သင်၏ဖခင် ပြည်သူပင်တည်း
ပြည်သူဖခင် သင်ဖြစ်စရာလော
သင်၏ကောင်းရာ တွေးကြည့်ပါက
ဗလာနထ္တိ ဘာမှမရှိ
ဗုဒ္ဓသာသနာ ဆုတ်ယုတ်စေရာ
ပြည်သူဂုဏ်ရှိန် မှေးမှိန်စေရာ။ 

သင်၏လုပ်ရပ် ဆန်းစစ်လတ်သော်
တုပနှိုင်းယှဉ် ပြောရလျှင်ကား
ယုတ်ညံ့ပေစွ သင်ဒေ၀ဒတ်။
 ٭٭٭

 
 
 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org