|
Address |
|
POBox 176
Maesot PO, Tak
63110, Thailand.
Ph: +66 55 544306
+66 81 0415086
+66 84 8189902
|
|
|
ကဗျာ |
|
|
|
 |
|
|
|
ငါတို့ခြေထောက်နဲ့ လမ်းလျှောက်တိုင်း ကျုံးတွေက ဆွဲဆွဲနှစ်။ ဘယ်မလဲ ..... အဲဒီ
ပိန်းပိတ်မှောင်နေတဲ့သေခြင်းထဲ
လွတ်လပ်စွာလမ်းလျှောက်ပိုင်ခွင့်ဆိုတာ ..... ကြက်ဆူတောမှာ
မင်းမူတဲ့အပြုံးတွေ .....
ကမ်းလွန်ပင်လယ်က ကြွားလုံးတွေ။ တောင်ကတုံးပေါ်က
ကျွန်းငုတ်တိုတွေပြောတယ်
သူတို့ဒေါ်လာဖြစ်သွားကြပြီတဲ့ ..... ဒေါ်လာဘယ်သွား
ခွေးစားသွား ခွေးဘယ်သွား
ကြက်ဆူတောဝင်သွား
ကြက်ဆူတောဘယ်သွား ကြပ်ပြေးသွား
ကြပ်ပြေးဘယ်သွား ပြာဖြစ်သွား
.....
ဆီမီးခွက်လည်းပြောင်ပြောင်
ပိုးလိုးပက်လက်လောင် ..... ကလေးတွေတောင်
စာချိုးလို့ကစားကြ
ဒီခေတ်ရဲ့မရယ်နိုင်တဲ့ ဟာသ ..... ဟာသ။ ငါတို့ .....
အဲဒီ
မိုက်တွင်းနက်ရာဇ၀င်ထဲ မျက်လုံးကို
ရဲရဲဖွင့် ကျုံးတွေကို
ကျုံးထဲဆွဲနှစ်ပစ် (အဲဒီ ခွေးသားတွေကို)။ ခြေဖနောင့်နဲ့
ဆောင့်ဆောင့်ပြီး
လမ်းဆက်လျှောက်ကြ .....
ငါတို့ကိုကိုက်တိုင်း ရိုက်တိုင်း ရာဇ၀င်တွေ
ရိုင်းသထက်ရိုင်းစေ့မယ်။
xxxxx
|
|
|
|
|
|
|
|
|
|
ARCHIVE |
|
|
|
|
|
|
 |
|
CRPP
Members |
|
 |
|
Read FDB Bulletins |
|
 |
|
Depayin
Massacre |
|