|
မောင်လည်း မာပါစေလို့၊ မေလည်း
မာပါစေလို့
အတာရေသွန်းကာလောင်း၊ အေးမြစေကြောင်း။
ရေစိုစိုရွှဲ.... ပျိုမေလည်း
ချမ်းလှပေါ့
နှုတ်ခမ်းလေးတဆတ်ဆတ်တုန်
မောင့်ရင်တွေ
တလှပ်လှပ်ခုန်ခဲ့။
ဆံမြညှာ ကေသာထက်မှာ
ဆင်မြန်းလာပန်းရနံ့ရယ်က
သင်းပျံ့လို့လှိုင်။
ဘာပန်းပါလဲ.... ပိတောက်ပန်းဝါ၀ါ ပန်မယ်ဆို ခူးကာပေးမယ် ချစ်ဦးသူ ဖြူပြာလဲ့ရယ် နောင်နှစ်ခါ သင်္ကြန်ကျရင်
ဆုံပါရစေလား။ ။ |