|
စက်တင်ဘာ
၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ မင်းကွန်းဆရာတော်ဘုရားရဲ့ အမျှဝေ၊
တရားဒေသနာသံတွေနဲ့
အကြောက်တရားကို ရုန်းကန်ခဲ့တဲ့
ရင်ခေါင်းကွဲအော်သံတွေ …….
၁၉
နှစ်ကြာခဲ့ပြီ ….
မျိုးဆက်တွေပြောင်းမသွားခဲ့ဘူး
အရွယ်သုံးပါး အကုန်လမ်းပေါ်ရောက်ခဲ့ပြီ။ ဒီတစ်ခါတော့
တကယ်လွတ်မြောက်ပြီဆိုတဲ့အတွေးနဲ့
စိတ်မခိုင်သူတွေက မျက်ရည်နဲ့ လက်ခုတ်သံရောခဲ့ပြီ၊
စိတ်ဓါတ်ခိုင်မာသူတွေက မေးကြောတွေထောင်ထလို့
တွဲလက်တွေဆုတ်ကိုင်မြဲခဲ့ပြီ။
ပေါက်ကွဲထွက်ချင်လို့ လမ်းလွဲတစ်ဖက်
အမျိုးသားရေး သွေးထွက်ပွဲတွေ မဖြစ်ရအောင် ဘဂ၀ါတွေက
ကွပ်ကဲ ဘုရားရဲ့
တရားရိပ်အောက်က လွတ်ထွက်မသွားဘဲ
ငါတို့လူမျိုးချင်းမမုန်းရ၊ မသတ်ရ၊ မညှဉ်းဆဲစေရဘူးတဲ့…. အဓမ္မကို
ဓမ္မကသာ အမြဲအောင်ရမယ်တဲ့……
ကဲ…
ဒီနေ့တော့ ၂၆၊ အဓမ္မသမားက လမ်းရိုးလမ်းဟောင်း ၈၈
အတိုင်းလိုက်လို့
ဘုရားသားတော်၊ ဗုဒ္ဓရဲ့တပည့် သာဝက၊ ဓမ္မရဲ့ဦးသျှောင်တွေကို
ယုတ်ရင်းကြမ်းတမ်းခဲ့ပြီ….
နေ့ခင်းကြောင်တောင်နေပူကြဲထဲ၊ မိုးချူန်းဟစ်လို့ ပြည်သူ့ရင်ထဲ
အသဲနှလုံးကြွေပျက်သုဉ်းခဲ့ရပြီ။
ဘုရား..
ဘုရား…. တကယ်လုပ်ရဲခဲ့ကြပါလား…
တကယ်လုပ်ရက်ခဲ့ကြပါလား... အ၀ီစိဆိုတာ
ကြိုမမြင်ရလို့များလား…
ဘုရားသာဝကတွေကိုတောင် ငါနဲ့ကိုင်တုတ်၊ ဆဲရေးတိုင်းထွာ
နံပါတ်တုတ်အပေါ်မှာ ပိုမိုယုံကြည်နေခဲ့ရော့သလား…..
မေးပါရစေ…
ဒီမြေ ဒီရေဟာ ဘုရားမြေပါလားလို့
ဂုဏ်ယူကြွေးကြော် ၀င့်ထည်ခဲ့ပြီးမှ
မြတ်ဘုရားရွှေတိဂုံ၊ မြတ်ဘုရားဆူးလေစေတီတော်တို့ရဲ့
ရှေ့တော်ရင်းမှာပဲ တကယ်ကို သတ်ရက်ခဲ့ကြပြီလား
မင်းတို့လက်ကသေနတ်၊ နံပါတ်တုတ်တွေထဲမှာ မင်းတို့ရဲ့
နေပျော်မယ့် လှပတဲ့အနာဂါတ်ကိုများ မြင်တွေ့ခွင့်ရနေလို့လား…..
ရေစီးရင်
ရပ်တန့်လို့မရသလို သွေးစီးရင်
ရောနှောတတ်လို့ ကောင်းကင်က
တိမ်မည်းညိုတွေဟာ
နိမိတ်ထွန်းနေခဲ့ပြီ။
အနာဂါတ်ဆိုတာ…..
မဖွင့်ရသေးတဲ့ လိုက်ကာတစ်ချပ်၊ ဆွဲမချရသေးတဲ့ ကားလိပ်တစ်ချပ်ပါ။ ကားလိပ်ကို
ဆွဲချရင်….
ကားလိပ်နောက်က မြင်ရမဲ့မြင်ကွင်းဟာ
မြက်ခင်းစိမ်းလား၊ အနိဌာရုံလားဆိုတာ မင်းရော၊
ငါရော အတူတူဆွဲချလို့
ကြည့်ကြရမည့်… မြင်ကွင်းတစ်ခုပါပဲ။
။
x x x x
x |