Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ရန်ကုန်တွင် ရခိုင်နယ်သားများကို လိုက်လံရှာဖွေ 

ဗထူး။ စက်တင်ဘာ ၅၊ ၂၀၀၈ 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ရခိုင်ပြည်နယ်မှ လူနှင့်သံဃာများ လာရောက်တည်းခို ခြင်းကို အာဏာပိုင်များက အပူတပြင်း လိုက်လံရှာဖွေလျှက်ရှိသည်။

အင်းစိန်းမြို့နယ်တွင် တအိမ်တက်ဆင်း ဧည့်စာရင်းများစစ်ဆေးကာ ရခိုင်ပြည်နယ်မှ လာရောက်သူများကို လက်မခံရန် ယခုလဆန်းပိုင်းမှစတင်ကာ အာဏာပိုင်များက အိမ်ရှင်များ အား ဖိအားပေးပြောဆိုခဲ့သည်။

ဘုန်းကြီးကျောင်းတွေမှာစာရင်းကောက်တယ်၊ ရခိုင်တိုင်းရင်းသားတွေ ဘယ်အိမ်မှာတည်းခိုလဲ ဆိုတာမေးတယ်၊ ရယက၊ နယ်မြေခံရဲနဲ့ ရဲသတင်းအထူးတပ်ဖွဲ့ (SB) တွေလည်းပါတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယခုလကုန်ပိုင်းတွင် အမှတ်(၁) ဘစ်ကားဂိတ်၊ အနှေးယာဉ်ဂိတ်၊ ကားဂိတ်နှင့်ဘုန်းကြီးကျောင်း ရှေ့များတွင် ဦးဝိစာရသမိုင်း၊ ဦးဥတ္တမသမိုင်းကြောင်းနှင့် သံဃာများ တိုင်းပြည်လွတ်လပ်ရေး ရယူမှုသမိုင်းတွင် ထိပ်တန်းက ပါဝင်ခဲ့သည်ဆိုသည့်စာရွက်များ အနှံအပြားကပ်သည့် လှုပ်ရှားမှု တခုဖြစ်ပေါ်ခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်နှင့် အခြားမြို့နယ် များတွင် သံဃာနှင့်ပြည်သူများ၏ ဆန္ဒပြလှုပ်ရှားမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ရာ ယခုလက်ရှိ ရန်ကုန်မြို့ပေါ်တွင် အဆိုပါစာများ ဖြန့်ဝေမှုများကြောင့် အာဏာပိုင်များက သံဃာ့လှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com