Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဦးမြင့်အေးအား ထပ်မံရုံးချိန်း 

ဖြိုးကြီး။ စက်တင်ဘာ ၂၃၊ ၂၀၀၈ 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်(HRDP) မှ ဦးမြင့်အေးအား ယနေ့ ရုံးထုတ်သော်လည်း စစ်ဆေးခြင်းမရှိဘဲ နောက်လ (၃) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။ 

ရွှေပြည်သာမြို့နယ်တရားရုံးတွင် ယနေ့ရုံးထုတ်ရာ တရားလိုသက်သေများ လာရောက်ခြင်းမရှိ သည့်အတွက် တစုံတရာ စစ်ဆေးခြင်းမရှိဘဲ တရားသူကြီးက ထမ်မံချိန်းဆိုလိုက်ခြင်းဖြစ် ကြောင်း (HRDP) မှ ကိုမောင်မောင်လေးက ပြောသည်။ 

“ဦးမြင့်အေးနဲ့ ကိုစစ်နိုင်တို့ ဒီမနက် (၁၀) နာရီလောက်ကတည်းက ရွှေပြည်သာတရားရုံးကို ရောက်လာတယ်၊ ဒါပေမဲ့ (၁) နာရီထိုးတဲ့အထိ သူတို့ဘက်က တရားလိုသက်သေ မလာတဲ့ အခါကျတော့ ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ နောက်တပတ် ပြန်ချိန်းလိုက်တာပါ” ဟု ပြောသည်။ 

ဦးမြင့်အေးအား မိသားစုဝင်များက တွေ့ဆုံခဲ့သော်လည်း အသေအချာ စကားပြောဆိုခွင့်မရရှိဘဲ အာဏာပိုင်များက ၎င်းအား ဖောက်ခွဲရေး (၅) ပုဒ်မဖြင့် တရားစွဲဆိုထားသည်ဟု ကိုမောင်မောင်လေးက ဆက်ပြောသည်။ 

“မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရတယ်ဆိုပေမဲ့ တရားရုံးအချုပ်နဲ့ ပေ (၂၀) လောက်ဝေးပါတယ်၊ လှမ်းအော်ပြောနေရတာပါ၊ အနီးကပ် သေသေချာချာ ပြောခွင့်မရပါဘူး၊ ကျန်းမာရေးတော့ ကောင်းပါတယ်၊ ပိန်တာတော့ တော်တော်ပိန်သွားတယ်၊” ဟု သူက ဆက်ပြောသည်။ 

ထို့အပြင်  ကိုမျိုးမင်း၊ ကိုထွန်းထွန်းနိုင်၊ ကိုဇော်ဇော်အောင်၊ ကိုသန်းဇော်မြင့် (ခ) ဆီးပိန်တို့ အမှုတွဲကို ယနေ့ ရုံးထုတ်ခဲ့သော်လည်း တရားလိုသက်သေ မလာသဖြင့် နောက်လ (၆) ရက်နေ့ သို့ ပြန်လည်ချိန်းဆိုလိုက်ပြီး ရှေ့နေလွှဲရန် လျှောက်တင်ခွင့်မရခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။ 

ဦးမြင့်အေးအား စစ်အစိုးရအာဏာပိုင်များက အကြမ်းဖက်သမားဟု ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲပြောဆိုခဲ့ပြီး ယခုအခါ အင်းစိန်ထောင် တိုက် (၂)၊ အခန်း (၂၇) တွင် ချုပ်နှောင်ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com