Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

HRDP ဦးမြင့်အေးအား ရုံးထုတ်

ရိုးမ ၃။ စက်တင်ဘာ ၂၀၊ ၂၀၀၈ 

စစ်အစိုးရအာဏာပိုင်များက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်အဖွဲ့(HRDP)  ဦးမြင့်အေးအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ 

ယမန်နေ့ ညနေ (၅) နာရီခန့်တွင် ဦးမြင့်အေးနှင့် ကိုရန်ရွှေတို့အား ရွှေပြည်သာတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

ဦးမြင့်အေးနှင့် ကိုရန်ရွှေတို့အား မိသားစုဝင်များနှင့် (၁၀) မိနစ်ခန့်တွေ့ဆုံခွင့်ရခဲ့ပြီး ၎င်းတို့အား ပုဒ်မ ၁၅(၅) ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။ 

ထို့အပြင် ယမန်နေ့က မျိုးမင်း၊ ထွန်းထွန်းနိုင်၊ ဇော်ဇော်အောင်၊ သန်းဇော်မြင့် (ခ) ဆီးပိန်တို့ကို လည်း ရွှေပြည်သာ ရဲစခန်းမှ တရားရုံးသို့ လက်ထိပ်ဖြင့် ဖိနပ်မပါဘဲ ခြေလျင်လျှောက်ခိုင်းပြီး ရုံးထုတ်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

၎င်းတို့ (၄) ဦးအား ပုဒ်မ၁၃(၁)၊ ၁၇(၁)တို့ဖြင့် စွဲဆိုထားပြီး လာမည့် (၂၃) ရက်နေ့တွင် ထပ်မံ ရုံးထုတ်စစ်ဆေးခြင်းများပြုလုပ်မည်ဖြစ်သည်။ ဦးမြင့်အေးအပါအဝင် အဆိုပါ (၄) ဦးကို စစ်အစိုးရအာဏာပိုင်များက သြဂုတ်လအတွင်းက နေအိမ်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ ဦးမြင့်အေးကို စစ်အစိုးရအာဏာပိုင်များက အကြမ်းဖက် သမားအဖြစ် စွပ်စွဲပြီး ရွှေပြည်သာမြို့နယ် ကြံ့ဖွှံ့ရုံးဗုံးဖောက်ခွဲမှုနှင့်ပတ်သက်ပြီး တရားခံဟု စက်တင်ဘာ (၇) ရက်နေ့က ပြုလုပ်သည့် စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောဆို ခဲ့သည်။ 

စစ်အစိုးရအာဏာပိုင်များက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ၊ (NLD)ပါတီဝင်များနှင့် နိုင်ငံရေးသမားများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးမှုများပြုလုပ်ပြီး အကြမ်းဖက်သမားများအဖြစ် စွပ်စွဲအရေးယူမှုများ ပြုလုပ်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com