Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ထိုင်းနိုင်ငံဝန်ကြီးချုပ် အသစ်ခန့်အပ် 

ဉာဏ်မောင်။ စက်တင်ဘာ ၁၇၊ ၂၀၀၈ 

ထိုင်းလွှတ်တော်တရားရုံးမှ ဝန်းကြီးချုပ် စမက်ဆဒ္နရာဗက်ကို ရာထူးမှ နှုတ်ထွက်စေခိုင်းပြီး နောက် ဝန်ကြီးချုပ်အသစ်အား ယနေ့ ခန့်အပ်လိုက်သည်။ 

လွတ်တော်အတွင်း မဲခွဲဆုံးဖြတ်ချက်အရ ယနေ့တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ယောက်ဖ တော်စပ်သူ ဆွမ်ချိုင်းဝန်ဆဝပ်အား ၂၉၈မဲ-  ၁၆၃မဲဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ် လိုက်ခြင်းဖြစ်သည်။ 

ဝန်ကြီးချုပ်အသစ် ခန့်အပ်လိုက်သည့်အပေါ် အစိုးရအတိုက်အခံ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ နေကြသော ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုက (ppp)ပြည်သူ့အာဏာပါတီသည် မစ္စတာ သက်ဆင်၏ လက်ကိုင်တုတ်ပါတီဖြစ်သည့်အတွက် ၎င်းပါတီဝင်မည်သူမဆို လက်ခံနိုင်ခြင်း မရှိကြောင်း အစိုးရပိုင် ထိုင်းသတင်းအေဂျင်စီတွင် သတိပေးပြောဆိုထားသည်။ 

ဆန္ဒပြနေသူများက ဝန်ကြီးချုပ် မစ္စတာစမတ်ဆန္ဒရာဗက်သည် သက်ဆင်အား တရားစွဲဆို နိုင်ခြင်းမရှိအောင် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသူဖြစ်ပြီး  တယ်လီဗေးရှင်း အချက် အပြုတ်ကြော်ငြာတွင် အခကြေးငွေယူပြီး ရိုက်ကူးပြသခဲ့သဖြင့် အခြေခံဥပဒေအရ မစ္စတာစမတ် အား ရာထူးမှထုတ်ပယ်ခဲ့သည်။  

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယာယီအစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့်  မစ္စတာ ဆွန်ချိုင်းက ဘန်ကောက်တွင် ထုတ်ပြန်ထားသည့် အရေးပေါ်ကြေညာချက်ကို  တိုင်းပြည် စီးပွားရေး ထိခိုက်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ရုတ်သိမ်းခဲ့သည်။ 

ယခု ဝန်ကြီးချုပ်အသစ်ဖြစ်သူ မစ္စတာဆွန်ချိုင်းသည်  ၂၀၀၆ ခုနှစ်အတွင်းက တိုင်းပြည်တွင် လာဘ်စားချစားမှုဖြင့် နိုင်ငံတော်တရားရုံးချုပ်တွင် အမှုရင်ဆိုင်နေရပြီး ပြည်ပသို့ထွက်ပြေး တိမ်းရှောင်နေရသူ မစ္စတာသက်ဆင်ရှင်နာဝပ်၏ ယောက်ဖတော်စပ်သူ ဖြစ်သည်။ 

ထိုင်းတရားရုံးချုပ်ကလည်း ဗြိတိန်နိုင်ငံတွင်ရောက်ရှိနေသော ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်အား ဖမ်းဆီးရန် အင်္ဂါနေ့က ဝရမ်းထုတ်ပြန်ထားပြီး အမျိုးသား ချစားမှုတိုက်ဖျက်ရေး ကော်မရှင်က ဘတ်ငွေ သန်းပေါင်း(၄၀၀၀)၊ (အမေရိကန်ဒေါ်လာ-၁၁၅သန်း)ချေးရန် အာဏာ အလွှဲသုံးစားပြုလုပ်မှုဖြင့် စွဲချက်တင်ထားသည်။ 

မစ္စတာသက်ဆင်အား မိသားစုပိုင် ရှယ်ယာအများဆုံးရှိသော (Shin Corp telecom firm ) ကုမ္ပဏီမှ ဆက်သွယ်ရေးပစ္စည်းများကို မြန်မာအစိုးရထံသို့ အကြွေးစနစ်ဖြင့် (ထိုင်းအစိုးရ ဘဏ်ချေးငွေ) ရောင်းချရန် အစိုးရပေါ်လစီကို အလွှဲသုံးစားပြုသည်ဟု စွပ်စွဲထားသော်လည်း ယခင်ဝန်ကြီးချုပ် စမတ်ဆဒ္နရာဗက်က မှားယွင်းသည့်လုပ်ရပ် မဟုတ်ကြောင်း ကာကွယ်ပေးရန် ကြိုးစားခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com