Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ရွှေဝါရောင် (၁) နှစ်ပြည့်အခမ်းအနား ကျင်းပ

ရိုးမ ၃။ စက်တင်ဘာ ၂၆၊ ၂၀၀၈ 

SaffronAnniversary Celemony

စက်တင်ဘာသံဃာ့လှုပ်ရှားမှု(ရွှေဝါရောင်တော်လှန်ရေး) (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။ 

အခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် သံဃာတော်များ၊ ပြည်သူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု မဟာမိတ်အဖွဲ့အစည်းများမှ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ ကြသည်။

“အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ စက်တင်ဘာလ (၂၆) ရက်နေ့မှာ သံဃာ တော်တွေရဲ့ သွေးမြေကျခဲ့ရတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေးနေ့နဲ့  မြန်မာရဟန်းတော် များနေ့လို့ သတ်မှတ်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) ဥက္ကဌ ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။ 

သံဃာတော်များအနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းကို ယခုအချိန်ထိ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အချို့သံဃာတော်အနည်း အကျဉ်းသာ သပိတ်ကံပြန်လှန်ခြင်းရှိကြောင်း အဆိုပါ ဆရာတော်က ဆက်လက်မိန့်သည်။ 

“ဝိနည်းကံနဲ့ကြည့်မယ်ဆိုရင် အခုချိန်ထိ ဦးဇင်းတို့ မန္တလေး၊ ရန်ကုန် အစရှိတဲ့မြို့ကြီးတွေနဲ့ တနိုင်ငံလုံးက ရဟန်းသံဃာတွေဟာ ဒီကံကို ထိန်းသိမ်းစောင့်ရှောက်ဆဲပါ၊ ဒါပေမဲ့ နအဖရဲ့ လာဘ်လာဘကို မျှော်ပြီးတော့ ပြန်လှန်လိုက်တဲ့ သံဃာတွေတော့ ရှိပါတယ်၊ ဒါက အနည်း အကျဉ်းပါ၊ အများဆုံးကတော့ လုံးဝကိုမလှန်ပဲ နေကြတုန်းပါ၊ ဦးဇင်းပြောချင်တာကတော့ ပတ္တနိက္ကုဇ္ဖနကံကတော့ ဆောင်နေဆဲပါဘဲ”ဟု ပြောသည်။ 

ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်များသည် ပြည်သူလူထုအရေး၊ နိုင်ငံအရေးကိစ္စများတွင် ပုဂံခေတ်ကတည်း က ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ပြီး ယခုအခါတွင်လည်း ရှေ့တန်းမှဦးဆောင် ကာ လူထုကို သွန်သင်ဆုံးမ၍ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကြိုးစားသွားကြရန်ကို လည်း ဆက်လက်မိန့်ဆိုသည်။ 

ထို့အပြင် စစ်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည် သာသနာ့တက္ကသိုလ် မန္တလေး မှ သံဃာတော်တပါးက “နအဖကို သိပ်ပြီးကြောက်နေလို့တော့လည်း ပြီးမှာမဟုတ်ဘူး၊ ပိုကြောက်လေ ပိုဆိုးလေဖြစ်မှာဘဲ၊ ဒါကြောင့်မို့ ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက် ရုန်းထွက် တွန်းကန် ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားကြပါလို့ ဒီကနေ တိုက်တွန်းလိုပါတယ်”ဟု မိန့်ကြား သည်။ 

ထို့အပြင် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံတွင်  ဘာသာမရွေး၊ လူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အဝရရှိပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောထားကြေညာချက် ထုတ်ပြန်လိုက် သည်။ 

ယနေ့သည်  ပြီးခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့သည်မှာ
(၁) နှစ်ပြည့်မြောက်ခဲ့သည့် နေ့ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com