|
သံဃာတော်များအားရိုက်နှက်ကာ
ပစ္စည်းလုခဲ့ရာတွင် ခမရ (၇၀၃) ပါဝင်ခဲ့
ဗထူး။
စက်တင်ဘာ ၂၅၊ ၂၀၀၈

စစ်အစိုးရက
၂၀၀၇ ခုနှစ် သံဃာလှုပ်ရှား မှုအား အကြမ်းဖက်နှိမ်နင်းခဲ့ရာ တောင် ဥက္ကလာပ၊
ငွေကြာယံကျောင်းတိုက်အား ညအချိန် ဝင်ရောက်စီးနင်း၍ ပစ္စည်းများ
လုယူခဲ့မှုတွင် အမှတ် (၇၀၃) ခြေမြန် တပ်ရင်းလည်း အပါအဝင်ဖြစ်သည်ဟု
စစ်ဘက်အရာရှိတဦးက ပြောဆိုလိုက် သည်။
ယမန်နှစ်
စက်တင်ဘာလ (၂၆) ရက်နေ့ ညတွင် ငွေကြာယံကျောင်းတိုက်ဝင်းတံခါး အား
ဖျက်စီးကာ လုံထိန်းနှင့် စစ်တပ်အင်အားအလုံးအရင်းဖြင့် သံဃာတော်များအား
အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးကာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ
အဖိုးတန်ပစ္စည်းအမြောက်အများကို သိမ်းပိုက်ခဲ့သည်။
“ဒုရင်းမှူး
ဗိုလ်မှူးရွှေဝင်းရဲ့ အကူရဲဘော် ခင်ဇော်ဦးက ကာလတန်ဖိုး သိန်း (၄၀)
လောက်ရှိမဲ့ ရွှေတွေ ရသွားတယ်၊ တပ်တောင်ဘက်က မြိုင်သာယာစံပြကျေးရွာမှာ
(၁၄) သိန်းတန် ခြံတကွက် ဝယ်လိုက်လို့ ရိပ်မိသွားပြီး ခင်ဇော်ဦးကို
စစ်ဆေးလိုက်တာ (၂၃) သိန်းရလိုက် တယ်လို့ သိရတယ်”ဟု
အဆိုပါတပ်မတော်အရာရှိက ပြောသည်။
အဆိုပါနေ့ညတွင် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄)
လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉) တို့အပြင် အမှတ် (၈) ရဲတပ်ရင်းမှ ရဲတပ်သား
၁၀၀ ကျော်ပါဝင်ခဲ့ပြီး သံဃာ တော်အများအပြားကို
ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
သံဃာလှုပ်ရှားမှုအား စက်တင်ဘာ (၂၄) ရက်နေ့မှစတင်ကာ အကြမ်းဖက် ဖြိုခွဲ
ခဲ့ပြီးနောက် ငွေကြာယံကျောင်းတိုက်အား အကြမ်းဖက်စီးနင်းခဲ့ရာ
မနက်ဖြန်တွင် တနှစ် ပြည့်မြောက်မည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင်လည်း ကျောင်းတိုက်အား
ဖျက်စီးသွားသဖြင့် ဒေါသထွက်နေသော ပြည်သူများ၏
ဆက်လက်ဆန္ဒပြမှုအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ရာ တောင်ဥက္ကလာပနေ
ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့သည်။
“တပ်သား
ခင်ဇော်ဦးဆီက ရတဲ့ငွေရော ဝယ်ထားတဲ့ခြံပါ ပြန်ရောင်းပြီး
တပ်ရင်းမှူးနဲ့ ဒုရင်းမှူး တို့က ခွဲယူလိုက်ကြတယ်။ ခု
တပ်ရင်းမှူးလုပ်တဲ့ ဒုတိယဗိုလ်မှူးကြီး စိုးတင့်နိုင်က တောင်ငူ (စရဖ)
ကို (G1)စစ်ဦးစီးအရာရှိ (ပ) နဲ့တောင် ရာထူးတိုးပြောင်းသွားပြီ”ဟု
အဆိုပါ အမည်မဖော် လိုသူ တပ်မတော်အရာရှိတဦးက ပြောသည်။
အဆိုပါအကြမ်းဖက်မှုတွင် အဓိက အမိန့်ပေးညွှန်ကြားသူမှာ စကခ (၄) မှ
(ကြည်း/၁၅၉၂၇) ဗိုလ်မှူးချုပ် မြင့်နောင် (ယခု)
တိုက်ခိုက်ရေးကျောင်းအုပ်(ဘုရင့်နောင်) ဖြစ်ပြီး ခမရ (၇၀၃) မှ
(ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်နှင့် (ကြည်း/၂၀၆၁၇)
ဗိုလ်မှူးရွှေဝင်းတို့ ဖြစ်သည်။
ယခုအချိန်တွင်လည်း ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင်
စက်တင်ဘာသံဃာလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည့် စက်တင်ဘာလအတွင်း စစ်အစိုးရက
၎င်းတို့တပ်ဖွဲ့ဝင်များ၊ ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် စသည့်
အကြမ်းဖက်နှိမ်နင်းမည့် အင်အားများကို နေရာအနှံ့ဖြန့်ကျက်ထားပြီး
ဆန္ဒပြမှုဖြစ်ပေါ်ပါက နှိမ်နင်းရန် ပြင်ဆင်ထားသည်။ |