|
ဦးသက်ဝေအား ထောင်ဒဏ်ချမှတ်ခြင်းသည် အာစီယံနိုင်ငံများအကြား
မေးမြန်းစရာဖြစ်လာသည်ဟုဆို
ဉာဏ်မောင်။
စက်တင်ဘာ ၂၃၊ ၂၀၀၈
မြန်မာစစ်အစိုးရ
အာဏာပိုင်များက အလုပ်သမား အရေးလှုပ်ရှားနေသူအား ထောင်ဒဏ်ချမှတ်
လိုက်ခြင်းသည် (ILO) နှင့် အာစီယံနိုင်ငံများကြား
သဘောတူချက်နှင့်ပတ်သက်၍ မေးမြန်းစရာ ဖြစ်လာပါသည်ဟုဆိုသည်။
ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်တရားရုံးမှ အလုပ်
သမားအရေးလှုပ်ရှားနေသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊
စမ်းချောင်းမြို့နယ်ဥက္ကဋ္ဌ ဦးသက်ဝေအား ထောင်ဒဏ် (၂)
နှစ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ (ILO) က ယမန်နေ့တွင်
သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်အစိုးရအနေဖြင့် ဦးသက်ဝေအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့်
ပြစ်ဒဏ်ချမှတ်မှုအား ပြန်လည်စစ်ဆေးရန် တောင်းဆိုလိုက်၍
ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) မှ ယခုကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစား
စောင့်ကြည့်နေခဲ့ပြီး မတ်လကတည်းက သူ့ကိုပြန်လွှတ်လိမ့်မည်ဟု
မျှော်လင့်ခဲ့ကြောင်း ဂျီနီဗာအခြေစိုက် (ILO) ဌာနချုပ်မှ
သတင်းထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ဇွန်လတွင် ပြုလုပ်ခဲ့သော (၉၇) ကြိမ်မြောက် (ILO)
ညီလာခံတွင် အဆိုပါကိစ္စနှင့် ပါတ်သက်၍ မြန်မာအစိုးရ
အဆင့်မြင့်အရာရှိများနှင့် တိုက်ရိုက်ဆွေးနွေးပြီးဖြစ်ကြောင်းကိုလည်း (ILO)
ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ဦးသက်ဝေသည် အဓမ္မအလုပ်ခိုင်းစေနေမှုများ၊ အရွယ်မရောက်သေးသော ကလေးငယ်
များအား စစ်မှုထမ်းစေခြင်းနှင့် အခြားသော
လူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စများတွင် ဒုက္ခသည် များကိုယ်စား
အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နေသူဖြစ်ပြီး ယခုကိစ္စများသည်လည်း မြန်မာ
အစိုးရနှင့် ILO ကြား သဘောတူညီထားသော နားလည်မှုဖြည့်စွက်ချက်
ဘောင်ထဲတွင်ပင် ရှိပါသည်ဟု ဆက်လက်ဖေါ်ပြထားသည်။
အဆိုပါ နားလည်မှုဖြည့်စွက်ချက်ထဲတွင် ကလေးစစ်သားကိစ္စနှင့်
အဓမ္မအလုပ်ခိုင်းစေနေမှုကိစ္စ များနှင့် ပတ်သက်၍
ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူ မည်သည့်ပုဂ္ဂိုလ်ကိုမဆို အပြည့်အဝ
ကာကွယ်ပေးထားရန် ပါဝင်ပြီး ဦးသက်ဝေအား (ILO) နှင့် မပါတ်သက်သော
စွဲချက်များတင်၍ တရားစွဲဆိုထားသော်လည်း (ILO) နှင့်
တိုက်ရိုက်ဆက်နွယ်ပတ်သက်နေသည့်အတွက် နောက်ဆုံး ပြစ်ဒဏ်၊
ထောင်ဒဏ်မချမှတ်မီ ပလပ်ရမည် ဖြစ်သည်။
ထောင်ဒဏ်ချမှတ်မှုတွင် ဥပဒေအရ အများဆုံးချမှတ်နိုင်မှုကို ပြင်းထန်စွာ
ချမှတ်ထားသည်။ ဦးသက်ဝေအား အဓမ္မအလုပ်ခိုင်းစေမှုနှင့်ပတ်သက်၍
ထောင်ဒဏ်ချမှတ်ခြင်းအား (ILO) အဖွဲ့ အနေဖြင့် လက်မခံနိုင်ကြောင်း
ဆက်လက်ဖေါ်ပြထားသည်။ |