Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ဝင်တဦးကို စစ်အစိုးရဖမ်းဆီး 

ရိုးမ ၃။ စက်တင်ဘာ ၄၊ ၂၀၀၈ 

Ko Kyaw Oo Photoစက်တင်ဘာသံဃာလှုပ်ရှားမှု တနှစ်ပြည့်အချိန်နီးကပ် လာသည်နှင့်အမျှ နိုင်ငံရေးလှုပ်ရှား တက်ကြွသူများကို စစ်အစိုးက ဖမ်းဆီးလျှက်ရှိရာ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ အဖွဲ့ဝင်တဦးကို ယမန်နေ့က စစ်အစိုးရ ဖမ်းဆီးခဲ့သည်။ 

ယနေ့နံနက် (၇) နာရီခွဲခန့်တွင် အင်းစိန်မြို့တွင်နေထိုင် သူ (GW)အဖွဲ့ဝင် အသက်(၃၂) ရှိ ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးကို ဘုရင့်နောက်လမ်းဆုံရှိ 'အမေ့ရွာ' လ္ဘက်ရည်ဆိုင်သို့အသွားတွင် ဖမ်းဆီးခံခဲ့ရသည်။ 

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့က ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ "ကိုကျော်ဦးအားဖမ်းဆီးခြင်းကြောင့် စစ်အစိုးရဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုအား ရပ်တန့်သွားမည်မဟုတ်ဘဲ အရှိန်မြှင့် တိုးမြှင့်လုပ်ဆောင်သွားမည်"ဟု ထုတ်ဖော်ရေးသားသည်။ 

စစ်အစိုးရအနေဖြင့် နိုင်ငံရေးပဋိပက္ခများကို အကြမ်းမဖက် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ၀ိုင်းဝန်းဖြေရှင်းရန် ကြိုးပမ်းနေသော (GW)အဖွဲ့ဝင်များကို ဖမ်းဆီးနေခြင်းကို ရပ်တန့်ရန် ယခင် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လည်လွှတ်ပေးပြီး နိုင်ငံရေးပြဿနာကို လူကြီးလူကောင်း ပီသစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အလေးအနက်တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ 

ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးသည် ၁၉၈၈ အထွေထွေလူထုအုံကြွမှုတွင် အထက်တန်း ကျောင်းသားဘဝဖြင့် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရမှ သူ့အား ဖမ်းဆီးခဲ့သဖြင့် အင်းစိန်ထောင်တွင် (၅) နှစ်ကြာ အကျဉ်းကျခံခဲ့ရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com