|
လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်
ရိုးမ ၃။
စက်တင်ဘာ ၂၃၊၂၀၀၈
စစ်အစိုးရက
ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်
နိုင်ငံရေးအကျဉ်းသား ၄ ဦးသာ ပါဝင်သည်ဟုဆိုသည်။
ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအား ယနေ့မှ စတင်၍
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ယနေ့ထုတ်
မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားခြင်း အပေါ် နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) (AAPP) အတွင်းရေးမှူး
ကိုတိတ်နိုင် က တုန့်ပြန်ပြောဆိုခြင်းဖြစ်သည်။
“လောလောဆယ်တော့ ကျနော်တို့သိရသလောက်ကတော့ နိုင်ငံရေးအကျဉ်းသား ၄ ဦးပဲ
ရှိသေးတယ်၊ အဲဒါတောင်မှ ၃ ဦးပဲ သေချာတယ်၊ ကျန်တာက ရာဇဝတ်ပြစ်မှုဆိုင်ရာ
အကျဉ်း သားတွေ၊ အဲဒါလောက်ပဲ သိရသေးတယ်”ဟု ပြောသည်။
အဆိုပါ
နိုင်ငံရေးအကျဉ်းသားများမှာ လွှတ်တော်အမတ်များဖြစ်ကြသည့် ဒေါက်တာ
ဒေါ်မေဝင်း မြင့်၊ ဒေါက်တာ သန်းငြိမ်း၊ ဦးအောင်စိုးမြင့်တို့ဖြစ်ပြီး
သတင်းစာဆရာကြီး ဦးဝင်းတင် ပါဝင် သည်မှာ သိပ်မသေချာသေးကြောင်း ၎င်းက
ဆက်ပြောသည်။
အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရောက်ရှိနေသည့် မျက်မြင်တွေ့ရှိသူတဦးက
“(၃)နာရီ (၄၈) မိနစ်မှာ SB အမြဲတမ်းအသုံးပြုတဲ့ ဟိုင်းလပ် (၇ခ) နဲ့
သတင်းစာဆရာကြီး ဦးဝင်းတင်ကို ခေါ်ထုတ်သွားတာတွေ့တယ်”ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည်
စစ်အစိုးရအာဏာပိုင်များ၏ (၁၉) နှစ်ကျော် အကျဉ်းချထားခြင်းကို
ခံခဲ့ရသူတဦးဖြစ်သည်။
ယနေ့ထုတ်
စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား
(၉၀၀၂) ဦးအား ပြစ်ဒဏ်မှ ကင်းလွတ်ပြီး
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီး သက်ဆိုင်ရာ အကျဉ်းစခန်းအသီးသီးမှ
ပြန်လည်လွှတ်ပေးလိုက်သည်ဟု ဖော်ပြထားသည်။ |