Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မနီလာသိန်း ညှဉ်းပန်းနှိပ်စက်ခံနေရသည်ဟု AI အဖွဲ့ကပြော

 ဗထူး။ စက်တင်ဘာ ၁၅၊ ၂၀၀၈

မကြာသေးမီ ရက်ပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်းအား စစ်အစိုးရက နှိပ်စက်ညှဉ်းပန်းနေသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (AI)က ပြီးခဲ့သည့် စနေနေ့က ထုတ်ပြန် ပြောဆိုလိုက်သည်။ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်းသည် ပြီးခဲ့သည့်နှစ် သြဂုတ်လ လောင်စာဆီ ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး စစ်အစိုးရမှ လိုက်လံရှာဖွေနေမှုအား တနှစ်ကျော် ရှောင်တိန်းနေရာမှ ယခုလ (၁၀) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ 

မနီလာသိန်းအား အာဏာပိုင်များက အောင်သပြေစစ်ကြောရေးစခန်းတွင် စစ်ဆေးနေပြီး ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု (AI) ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

မြန်မာစစ်အစိုးရ သံအမတ်က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ယင်းကိစ္စနှင့်ပတ်သက် ၍  ညှဉ်းပန်းနှိပ်စက်မှုများကို ဥပဒေအရ တားမြစ်ထားပြီး ယခုကိစ္စနှင့်ပတ်သက်၍ ငြင်းဆို ခဲ့သည်။ 

ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများက ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး နောက်တလတွင် နိုင်ငံအဝှန်း သံဃာနှင့်ပြည်သူလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ရသည်။ 

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားများအား အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ပုဒ်မ မျိုးစုံတပ်ကာ ထောင်ချရန်အာဏာပိုင်များက ရုံးထုတ်စစ်ဆေးလျှက်ရှိရာ မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ဂျင်မီ(ခေါ်) ကိုကျော်မင်းယုလည်း ပါဝင်သည်။ 

မနီလာသိန်းသည် စတင်ထွက်ပြေးတိမ်းရှောင်စဉ် လသားအရွယ်ကလေးငယ်အား မိခင်ဖြစ်သူ နှင့်ထားခဲ့ပြီး ယခုဖမ်းဆီးချိန်တွင် စစ်အစိုးရက သူမအားမည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်း ထားသည်ကို ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ 

မနီလာသိန်းသည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် နှစ်ကြိမ်အဖမ်းခံခဲ့ရပြီး (၁၉၉၆)ခုနှစ် ကျောင်းသားများလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် (၁၀)ပြစ်ဒဏ်ချမှတ်ထောင်ကျကာ (၂၀၀၅)ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။  

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com