|
မိထ္ထီလာတွင် ဒုစရိုက်မှုများပိုမိုများလာ အာဏာပိုင်များက
ထိရောက်စွာအရေးယူခြင်းမရှိ
ဖြိုးကြီး။
အောက်တိုဘာ ၁၀၊ ၂၀၀၈
မိထ္ထီလာမြို့တွင် စစ်အစိုးရက အကျဉ်းသားများ ပြန်လည်စေလွှတ်ပေးခဲ့သည့်နောက်ပိုင်း ဒုစရိုက်မှုများ
ပိုမိုများပြားလာပြီး အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိ သေးကြောင်း ဒေသခံများက
ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများမှာ
ဖောက်ထွင်းမှုကျူးလွန်သူများ၊ သူခိုးများဖြစ်ပြီး
ယခုလဆန်းပိုင်းတွင် ဆိုင်ကယ်ခိုးမှုနှင့် ရိုက်နှက်လုယူမှုများဖြစ်ပွားနေ၍ ရဲစခန်းသို့ သွားရောက် အမှုဖွင့်ထားသော်လည်း
အကောင်ထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိ ကြောင်း မြို့ခံတဦးကပြောသည်။
“(၆) ရက်နေ့ကစပြီး (၈) ရက်နေ့ထိ သုံးရက်ဆက်တိုက် ဆိုင်ကယ်တွေ အလုခံရတယ်၊
မိထ္ထီလာ ကန်အောက်ဘက် ညောင်ကုန်းဘက်မှာ ရိုက်လုသွားတာ၊ အဲဒါ ရဲကိုတိုင်တာ
အရေးယူတာမရှိ ဘူး။ ဆိုင်ကယ်တက္ကစီသမားတွေလဲ ညဘက်ဆို
အလုပ်မလုပ်ရဲတော့ဘူး၊ ကိုယ့်အိမ်ထဲထားတာ တောင် တော်တော်ဂရုစိုက်နေရတယ်”ဟု ပြောသည်။
ထောင်မှ ပြန်လည်လွတ်မြောက်လာသူများမှာ ယခင်ကကဲ့သို့
ကိုယ်တိုင်လုပ်ဆောင်ခြင်းမရှိ တော့ဘဲ ဂိုဏ်းဖွဲ့ လူမွေး၍ ယခုကဲ့သို့
လုယက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အဲကောင်တွေက လူမိုက်တွေမွေး၊
ကလေးလေးတွေကိုလွှတ်ပြီး ဆိုင်ကယ်ငှားခိုင်းတယ်၊ သူတို့က လမ်းမှာစောင့်ရိုက်တာ၊ အဲလိုတွေ လုပ်တာ၊ အခု သူတို့အဖွဲ့ ၁၀ ဖွဲ့လောက် ရှိတယ်၊ ပြီးခဲ့တဲ့ (၇) ရက်နေ့ညက ကျနော်သူငယ်ချင်း
၁၃ နှစ်အရွယ်ကလေး ဆိုင်ကယ်လာငှားတာကို လိုက်ပို့တာ ကလေးက လမ်းမှာ
သေးပေါက်ချင်လို့ရပ်ခိုင်းတော့ ရပ်ပေးတာ အဲမှာ ဝိုင်းရိုက်ပြီး လုတာ၊
သူလဲ ဆေးရုံပေါ်ရောက်နေတယ်”ဟု ဆိုင်ကယ်တက္ကစီသမားတဦးက ပြောသည်။
မိထ္ထီလာမြို့ပေါ်တွင် ဆိုင်ကယ်တက္ကစီသမားများမှာ အုံနာ(Owner)ကြေးပေး၍
ငှားရမ်းလုပ် ကိုင်နေသူများဖြစ်ပြီး ယခုကဲ့သို့ လုယက်ခံရပါက
ဆိုင်ကယ်လျော်ပေးရသည့်အပြင် ကိုယ်တိုင် လည်း
ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်သည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ၎င်းက
ဆက်ပြော သည်။
“ကျနော်တို့က တနေ့ကို
၂,၅၀၀ အုံနာကြေးပေးပြီးဆွဲတာ၊ အဲလိုတွေဖြစ်တော့
မြို့အဝင် ဆိုင်းဘုတ်လောက်ထိပဲ သွားကြတော့တယ်၊ အဲတော့
ဝင်ငွေကမကောင်းဖြစ်တာပေါ့၊ ဒီကြားထဲ ဖြစ်သွားရင် လျော်ရတာနဲ့ဆိုတော့
မကိုက်တော့ဘူး၊ ကျနော်တို့ ဆိုင်ကယ်ဂိတ်မှာတင် အလုခံရတာ
၁၀ စီး ကျော်သွားပြီ”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆိုင်ကယ်သူခိုးများသွားဖမ်းသည့် ဒုရဲအုပ်
ထွန်းထွန်းမှာ ဓားဖြင့် အထိုးခံရသဖြင့် ဆေးရုံတင်ထားရကြောင်းနှင့်
မိထ္ထီလာမြို့ပေါ်တွင် ထောင်မှပြန်လွတ်လာသူ ယောင်္ကျား ၆၆ ဦးနှင့်
အမျိုးသမီး ၆ ဦးပါဝင်ပြီး ၎င်းတို့မှာ ခိုးဆိုးလုယက်မှုများဖြင့်
ထောင်ကျ သွားသူများဖြစ်သည်ဟု ဆက်လက်ပြောသည်။ |