Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆို 

ာဏ်မောင်။ အောက်တိုဘာ ၃၊ ၂၀၀၈ 

Navi Pillayမြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ကို အမြန်ဆုံးလွှတ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တောင်းဆိုလိုက်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ နဗီပီလေး (Navi Pillay) က ယမန်နေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

“ကမ္ဘာနှင့်အဝှမ်း ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသူများအတွက် တရားမျှတမှုနှင့် ဂုဏ်သိက္ခာ ဟူ၍ ဝါဒဖြန့်ချီနေသော ယခုလိုအချိန်မျိုးတွင် မြန်မာစစ်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား များအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်”ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ခန့်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံရေး အကျဉ်းသား (၇) ဦးကို ပြန်လွှတ်ပေးခြင်းအပေါ် ကြိုဆိုကြောင်း ဂျီနီဗာတွင်ပြုလုပ်သည့် ၎င်း၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“စစ်အစိုးရအနေနဲ့ လုံးဝပြည့်စုံစွာ တရားမဝင်ဖြစ်မယ်ဆိုရင်တောင်မှ သူတို့တိုင်းပြည်က ဥပဒေ ကိုတော့ လေးစားလိုက်နာရပါမယ်၊ ကမ္ဘာနှင့်အဝှမ်းမှာ မတရားသဖြင့် မသင့်မလျှော် ဖမ်းဆီး ချုပ်နှောင်ခံနေရသူပေါင်း လူတစ်သန်းခန့်ရှိပါတယ်” ဟု သူမက ဆက်လက်ပြောသည်။ 

ကမ္ဘာပေါ်တွင် နေ့စဉ် ယောင်္ကျား၊ မိန်းမ၊ ကလေးသူငယ်များ ရာဂဏန်းနှင့်ချီက အမှုတခုမဟုတ် တခုဖြင့် အဖမ်းခံနေရပြီး အချို့မှာ အလွန်ဆိုးဝါးရက်စက်မှု အခြေအနေများတွင် နေနေရ ကြောင်း သူမက ပြောသည်။ 

နဗီပီလေး (Navi Pillay) သည် တောင်အာဖရိကမှ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး တွင် တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် ရဝမ်ဒါကိစ္စတွင် နိုင်ငံတကာတရားရုံးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့်စက်တင်ဘာလမှ စတင်ကာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com