Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဘက်ပေါင်းစုံအခက်အခဲများကြောင့် နွေစပါး အရှုံးပေါ်သည့်အပြင် မိုးစပါးအတွက် မျှော်လင့်ချက်နည်း 

ဖြိုးကြီး။ အောက်တိုဘာ ၁၁၊ ၂၀၀၈ 

မြန်မာပြည်အလယ်ပိုင်းဒေသများတွင် စပါးစိုက်တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေး သုံးပစ္စည်းများ ဈေးနှုန်းမြင့်မားမှုနှင့် ဆည်ရေရရှိမှု မရှိခြင်းများကြောင့်  အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ 

မိထ္ထီလာကန်အောက်ဘက် သဲတော၊ ကင်ဦး၊ မောင်းလောင်းနှင့် ညောင်ကုန်းကျေးရွာများမှ တောင်သူများမှာ စပါးစိုက်ပျိုးချိန်တွင် မိုးခေါင်းနေပြီး ဆည်မှရေပေးခြင်းမရှိသည့်အပြင် ဓါတ်မြေသြဇာများထုတ်ပေးရာတွင် အရည်အသွေးကောင်းမွန်းခြင်းမရှိသည်များကို ထုတ်ပေး နေသောကြောင့် ဖြစ်သည်။ 

“ရေကမရှိတော့ မိုးစပါးအတွက် ကန်ကလဲ ရေမထုတ်ပေးဘူး၊ အဲမှာ ပျိုးတွေသေကုန်တယ်၊ အဲတော့ ရေလာအောင် ဆည်မြောင်းအဖွဲ့တွေကို ငွေပေးရတာတွေရှိတယ်၊ ဓါတ်မြေသြဇာ ထောက်ပံ့တာမရှိဘူး၊ တော်တော် အခက်အခဲတွေဖြစ်နေတယ်၊ နွေစပါးတုန်းကလဲ ရှုံးတယ်”ဟု ဒေသခံ စပါးစိုက်တောင်သူတဦးက ပြောသည်။ 

ဓါတ်မြေသြဇာများ ထုတ်ပေးရာတွင် ပုလဲဓါတ်မြေသြဇာတအိတ်လျှင် ၂၂,၀၀၀ ကျပ် လက်ငင်း ပေးရပြီး အခြားအရည် အသွေးမပြည့်သည့် ဖော့စဖရိတ်တအိတ်လျှင် ၁၉,၀၀၀ ကျပ်ကို အကြွေးဖြင့်  မယူမနေရ ထုတ်ပေးသဖြင့် အပြင်တွင် ပုလဲတအိတ် ၂၉,၀၀၀ ကျပ်ဖြင့်သာ ဝယ်သုံးနေရကြောင်း ၎င်းက ဆက်ပြောသည်။ 

“သူတို့က နှစ်မျိုးစလုံးယူမှရတယ်၊ တမျိုးတည်းဆိုမရောင်းတော့ အပြင်မှာဝယ်သုံးရတယ်၊ အဲတော့ ပိုနစ်နာတာပေါ့၊ နွေစပါးတုန်းကလဲ ရေမရတာနဲ့ အဲလို ဓါတ်ဆားဈေးကြီးတာတွေနဲ့ ဆိုတော့ ကျနော်တို့ တဧကကို အနည်းဆုံး (၂) သိန်းလောက် ရှုံးသွားတယ်”ဟု အဆိုပါ တောင်သူက ပြောသည်။ 

တောင်သူများအနေဖြင့် နွေးစပါးစိုက်ပျိုးရာတွင် အရှုံးပေါ်ခဲ့သည့်အပြင် ယခု မိုးစပါးစိုက်ပျိုးချိန် တွင်လည်း အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး စပါးရောင်းချိန်တွင်လည်း ကုန်သည်များ၏ ဈေးကစားမှုကြောင့် စပါးဈေးကျနေသည့်အတွက် ထပ်မံအရှုံးနှင့်သာ ရင်ဆိုင်ရမှာဖြစ်ကြောင်း တောင်သူက ပြောသည်။ 

“အစိုးရက စပါးဈေးကို သေသေချာချာ သတ်မှတ်ထားတာလဲမရှိတော့ ကုန်သည်တွေက ကြိုက်သလို လုပ်တယ်၊ ကျနော်တို့တောင်သူတွေအတွက် ဘာမှ အာမခံချက်မရှိဘူး၊ ကျနော်တို့ ဘက်မှာတင် ဧက (၅၀၀၀) လောက်ရှိတာ၊ အခုအကုန်လုံး အရင်းတဝက်လောက်ပြန်ရဖို့တောင် မလွယ်ဘူးဖြစ်နေတယ်”ဟု ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com