Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကုလအကြီးကဲ မြန်မာပြည်သို့သွားရန် မသေချာသေး

ဉာဏ်မောင်။ အောက်တိုဘာ ၈၊ ၂၀၀၈ 

Mr. Ban-ki Moonကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့သွားရောက်ရန် အစီအစဉ်သည် မသေချာသေး ကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် သိသာ ထင်ရှားသည့် ဆောင်ရွက်ချက်များ မလုပ်ဆောင်နိုင်သေး သရွေ့ မသွားချင်သေးကြောင်း ကုလအကြီးအကဲက ပြောဆို လိုက်ခြင်းဖြစ်သည်။

“ကျနော်အနေနဲ့ မြန်မာနိုင်ငံကို သင့်တော်တဲ့ အချိန်မှာ သွားရောက်ဖို့ဆန္ဒရှိပါတယ်၊ တစုံတရာ တိုးတက်မှု လက်ကိုင်မပြနိုင်ဘဲတော့ မသွားချင်ပါဘူး၊ အခုဆိုရင် လက်တွေ့လုပ်ဆောင်ရ တော့မဲ့ အခြေအနေရှိနေပါပြီ၊ ဒါပေမဲ့ အချိန်တော့ အများကြီး ယူရပါဦးမယ်၊ ဒါပေမဲ့ သင့်တော် တဲ့ အချိန်ကို ရွေးချယ်ဆုံးဖြတ်ပြီးသွားမှာပါ”ဟု မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောသည်။ 

မြန်မာစစ်အစိုးရအား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စည်းရုံးနိုင်မည်ဟု ယုံကြည် ကြောင်း  မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။ 

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ သွားရောက်မည့်ရက်ကို အတိအကျ မသိရသေးသော်လည်း လွန်ခဲ့သည့် မေလအတွင်းက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် အဖြစ် သွားရောက်ရာတွင် မြန်မာစစ်အစိုးရအား နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်  ပုဂ္ဂိလ်ရေးအားဖြင့်၎င်း၊ ပုံမှန်လုပ်ထုံးလုပ်နည်းအရ၎င်း ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့သည်။ 

မစ္စတာဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီသည် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံသို့ (၆) ကြိမ်မြောက် သွားရောက်ရာတွင် နေအိမ်အကျယ်ချုပ်ကျခံနေရ သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား  တွေ့ဆုံခွင့်မရခဲ့ပေ။

ဂမ်ဘာရီသည် မြန်မာနိုင်ငံခရီးစဉ်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံခွင့်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း တို့ကို ဆောင်ရွက်နိုင်ခြင်းမရှိပေ။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com