Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ် (၂၀) ပြည့်အခမ်းအနား လွတ်မြောက်နယ်မြေတွင် ကျင်းပပြုလုပ် 

ရိုးမ ၃။ အောက်တိုဘာ ၂၊ ၂၀၀၈ 

U Myint Soeအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းခြင်း နှစ် (၂၀) ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။ 

အဆိုပါအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)(NLD-LA) က ဦးဆောင်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီမဟာမိတ်အဖွဲ့များ၊ တိုင်းရင်း သား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ 

အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ “ကျနော်တို့က ပြည်တွင်းမှာရှိနေတဲ့ မဟာမိတ်အဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များနဲ့ နယ်စပ်ဒေသမှာရှိနေကြတဲ့ တိုင်းရင်းသားမဟာမိတ်များရဲ့ အမြင်တွေကို စုစည်းပြီးတော့ အနာဂါတ် ဒီမိုကရေစီနိုင်ငံတော် ကို တည်ထောင်ဖို့  နည်းလမ်းများ ရှာကြံတဲ့သဘောမျိုး ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) အထွေထွေအတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။ 

မိမိတို့အနေဖြင့် အဓိက အကျဆုံးဖြစ်သည့် ပြည်သူများ၏ ဆန္ဒအပေါ် စုစည်းမှုရရှိပြီး ၎င်းဆန္ဒ များကို အကောင်ထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယုံကြည်ခိုင်မာသည့် ခေါင်းဆောင်များ ဦးဆောင်ပြီး ပြည်သူ့များ၏ဆန္ဒကို အကောင်အထည်ဖော်ပါက မကြာခင် မှာပင် ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

“ဒီမိုကရေစီကိုလိုလားတဲ့  ပြည်သူတွေရဲ့ဆန္ဒဟာ ဆက်လက်ရှင်သန်နေဆဲဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြလိုက်တာဖြစ်ပါ၊ နအဖ ဖိနှိပ်မှု ကြောင့် လောလောဆယ် ယာယီအားဖြင့် သူတို့တွေဟာ ငြိမ်သက်နေပေမဲ့ သူတို့ရဲ့ဆန္ဒ ပြင်းပြင်းပြပြရှိနေတယ်ဆိုတာကို ကျနော်တို့က တွေ့နေရတယ်”ဟု ဦးမြင့်စိုးက ပြောသည်။ 

နအဖစစ်အစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပယ်ဖျက်ရန်ကြိုးစားနေပြီး အဖွဲ့ဝင် များကို ဖမ်းဆီးခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ထောင်သွင်းအကျဉ်းချထားခြင်း များ ပြုလုပ်နေလျှက်ရှိပြီး ၎င်းတို့တဖက်သက်ရေးဆွဲထားသည့် အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုလိုက်ခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျနော်တို့က နအဖရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ငြင်းဆိုကန့်ကွက်လာ တာဖြစ်တယ်၊ အဲဒါကိုမှ ဆက်လုပ်လာမယ်ဆိုရင် ကျနော်တို့က နိုင်ငံတကာဖိအား၊ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူလူထုတွေက တုန့်ပြန်လာမဲ့ဖိအားတွေ များလာရင် နအဖဖြစ်ချင်တဲ့အရာတွေ ပျက်ပြယ်သွားမယ်လို့ ကျနော်ထင်ပါတယ်”ဟု ဦးမြင့်စိုးက ဆက်လက်ပြောဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com