Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ထောင်ပိုင်က အကျဉ်းသားများလုပ်အားဖြင့် အပိုဝင်ငွေရရန် လုပ်ဆောင်နေ 

ရိုးမ ၃။ အောက်တိုဘာ ၇၊ ၂၀၀၈ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အကျဉ်းထောင်မှ ထောင်ပိုင်နှင့် အရာရှိများသည် အကျဉ်းသား များလုပ်အားဖြင့် အပိုဝင်ငွေရရှိအောင် ခိုင်းစေမှုများပြုလုပ်နေသည်။ 

ယခုနှစ်ဆန်းပိုင်းကတည်းက စတင်ကာ ယင်းကဲ့သို့ အကျဉ်းသားများအားခိုင်းစေနေကြောင်း မကြာခင်က ပြန်လွှတ်မြောက်လာသည့်အကျဉ်းသားတဦးက ပြောသည်။ 

“အကျဉ်းသားတွေကို ထုတ်ပြီး ရွာသားတွေရဲ့ လယ်ထဲမှာ တဦးကို  ၁,၅၀၀ နဲ့ အလုပ်လုပ်ခိုင်း တယ်၊ အဲဒီကရတဲ့ငွေကို ထောင်ပိုင်ကသုံးတာ ဘယ်သူကိုမှ ပေးတာလဲမရှိဘူး”ဟု ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် ဘူးသီး တောင်-မောင်းတောကားလမ်း ဖောက်လုပ်ရေးတွင် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်း သား (၅၀၀) ကျော်အား ပုံမှန်ခိုင်းစေခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

“အကျဉ်းသားတွေက မနက် (၇) နာရီကစပြီးလုပ်ရတယ်၊ မိုးချုပ်ချိန်ထိ ကျွေးတာက ထောင်ပုံစံ ထမင်းပဲ စားရတာ၊ လမ်းဆောက်လုပ်ရေးလုပ်ငန်းမှာ ၁၅ ရက်လောက် ဆက်တိုက်လုပ်ရတယ်” ဟု ပြောသည်။ 

ပြီးခဲ့သည့်လ(၂၃)ရက်နေ့က အကျဉ်းသား (၉၀၀၂) ဦးအား ပြန်လည်လွှတ်ပေးခဲ့ရာတွင် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား (၁၅၀) ဦးသာ လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်း သားများ ပါဝင်ခြင်းမရှိပေ။ 

ဘူးသီးတောင်အကျဉ်းထောင်တွင် ဘင်္ဂလားဒေ့ရှ်လူမျိုး အကျဉ်းသား (၁၂၅၀) ခန့်ရှိပြီး အခြား အကျဉ်းသား (၁၁၁၀) ခန့်ရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် နိုင်ငံရေးအကျဉ်းသား များမှလွဲ၍ ကျန်သည့်အကျဉ်းသားများအား နေ့စဉ်အလုပ်ခိုင်းစေခြင်းများ ပြုလုပ်နေလျှက်ရှိ သည်။ 

ထို့အပြင် ဘူးသီးတောင်အကျဉ်းထောင်အာဏာပိုင်များက အကျဉ်းသား (၁၀၀) ဦးကို ဘူးသီးတောင်-မောင်းတော ကားလမ်းပေါ်ရှိ (၃) မိုင်စခန်းအနီးတွင် ကြက်ဆူပင်စိုက်ပျိုးရေး လုပ်ငန်းတွင် ခိုင်းစေခြင်းများလည်း ပြုလုပ်နေသည်။ 

ယင်းကြက်ဆူစိုက်ပျိုးရေးလုပ်ငန်းကို (၃) မိုင်စခန်းမှ မြန်မာနယ်ခြားစောင့်လုံခြုံရေးတပ်(နစက)မှ ဦးဆောင်လုပ်ကိုင်ခြင်းဖြစ်ပြီး စိုက်ပျိုးမြေ (၂.၆၇) ဧကခန့်ရှိကြောင်း (နစက)အသိုင်းအဝိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။ 

ထိုကဲ့သို့ခိုင်းစေသည့် အကျဉ်းသားများကို အချိန်တိုအတွင်း လျှော့ရက်များနှင့် ပြန်လွှတ်ပေး ကြောင်းနှင့် စစ်အစိုးရက ၎င်းအကျဉ်းသားများကို အဖြူရောင်လုပ်အားရှင်များဟု ခေါ်ဆို ကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များက ၎င်းအကျဉ်းသားများအား ပြန်လွှတ်မပေးခင် နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ကိုင်စေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီး ဌာန အရာရှိတဦးက ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com