|
ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ ဥပဒေလမ်းကြောင်းအရ
တရားဝင်ဖြစ်ရန် အယူခံတင်
ဉာဏ်မောင်။
အောက်တိုဘာ ၁၁၊ ၂၀၀၈
မြန်မာဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားခြင်းနှင့်ပတ်သက်၍
စစ်အစိုးရအာဏာ ပိုင်များထံ ဥပဒေကြောင်းအရ တရားဝင်ဖြစ်အောင် အယူခံစာ
တင်သွင်းကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါအယူခံစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတဆင့် သူမအား
နေအိမ်အကျယ်ချုပ်ရှိနေမှုနှင့် ပတ်သက်၍ နေပြည် တော်ရှိ စစ်အစိုးရထံ
ပြီးခဲ့သည့် ကြာသာပတေးနေ့က ပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းတွင်
ဖော်ပြထားသည်။
“ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှ အစိုးရအဖွဲ့ထံကို
ကြာသပတေးနေ့ကတည်းက အယူခံစာပေးပို့ပြီး ဖြစ်ပါတယ်။
သူတို့လက်ခံရရှိကြောင်းလည်း လက်မှတ်ရေးထိုးထားပါတယ်”ဟု NLD
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သို့ ပြောသည်။
အယူခံစာတင်သွင်းမှုနှင့်ပတ်သက်၍ မကြာခင်အချိန်တွင်း
ကြားသိကြရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အယူခံစာနဲ့
နည်းလမ်းဖွင့်တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ အခုထိတော့ ဘယ်လောက်ထိ
တိုးတက်မှုရှိတယ်ဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလအတွင်းက ရှေ့နေဦးကြည်ဝင်းနှင့်
တွေ့ဆုံပြီး ဥပဒေကြောင်းအရ တရားဝင် အယူခံစာတင်သွင်းရန်
နောက်ဆုံးမူကြမ်းကို ခွင့်ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့
ရောက်ရှိလာ သော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂမ်ဘာရီကို
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရာတွင်
တိုးတက်မှုအလွန်နှေးကွေးသည့်အတွက် ထင်သာမြင်သာ အောင်
ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။ |