Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဦးမြင့်အေးတို့ကို တကျွန်းထက်ပိုသည့် ထောင်ဒဏ်များ ချမှတ်

ဖြိုးကြီး။ နိုဝင်ဘာ ၂၈၊ ၂၀၀၈

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ ဦးမြင့်အေးနှင့်အတူ အမှုတွဲ (၂) ဦးကို တကျွန်းထက်ပိုသည့် ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ယနေ့နေ့လည် (၁၂) နာရီခွဲခန့်က အင်းစိန်မြို့နယ်တရားရုံးမှ ဦမြင့်အေးကို ပုဒ်မ (၁၃-၁)၊
(၁၃-၅)၊ (၁၇-၁) တို့ဖြင့် ထောင်ဒဏ် (၈) နှစ်၊ ကိုရန်ရွှေကို (၁၃) နှစ်၊ ကိုဇော်ဇော်အောင်ကို (၈) နှစ် အသီးသီး ချမှတ်လိုက်ပြီးနောက် အင်းစိန်ခရိုင်တရားရုံးမှ ဦးမြင့်အေးကို (၃/၆) ဖောက်ခွဲကူညီမှုဖြင့် တသက်တကျွန်း၊ ကိုရန်ရွှေကို ဖောက်ခွဲ (၃) ဖြင့် တသက်တကျွန်း၊ ဇော်ဇော်အောင်ကို ဖောက်ခွဲ (၃) ဖြင့် တသက်တကျွန်း အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်။

“အဲလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် ဦးမြင့်အေးက အမှိုက်ပုံးထဲက ခြင်ကိုက်တာလောက်ပဲ ဖြစ်တယ်လို့ ပြောတယ်”ဟု တရားရုံးသို့ သွားရောက်ခဲ့သည့် (HRDP)အဖွဲ့ဝင် ကိုမောင်မောင် လေးက ပြောသည်။

ယနေ့အမိန့်ချမှတ်ရာတွင် ဦးမြင့်အေးနှင့် အခြား (၂) ဦးတို့အား မိသားစုဝင်များက သွားရောက် တွေ့ဆုံကြားနာခွင့်ရခဲ့ပြီး ဦးမြင့်အေးတို့ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “ကျန်းမာရေး အခြေအနေကတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကုန်ကောင်းပါတယ်၊ အထူးသဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ တော်တော်ကို ကောင်းကောင်းမွန်မွန် ရှိပါတယ်”ဟု ကိုမောင်မောင် လေးက ဆက်ပြောသည်။

ထို့အပြင် ယနေ့ညနေပိုင်းက ရွှေပြည်သာမြို့နယ်တရားရုံးက ကိုမျိုးမင်းကို ပုဒ်မ(၁၃-၁)၊
(၁၇-၁) တို့ဖြင့် ထောင်ဒဏ် (၈) နှစ်၊ ကိုသန့်ဇော်မြင့်(ဆီးပိန်)ကို ပုဒ်မ (၁၃-၁)၊ (၁၇-၁) တို့ဖြင့် (၈) နှစ်၊ ကိုနန်းအောင်(ကပ္ပလီ)ကို ပုဒ်မ(၁၃-၁)၊ (၁၇-၁) တို့ဖြင့် ထောင်ဒဏ် (၈) နှစ်၊ ကိုမျိုးမင်းဝေကို ပုဒ်မ (၁၃-၁) ဖြင့် ထောင်ဒဏ် (၅) နှစ် အသီးသီးချမှတ်လိုက်သည်။

စစ်အစိုးရ အာဏာပိုင်များက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကို အကြမ်းဖက်သမား များအဖြစ် စွပ်စွဲကာ ယခုကဲ့သို့ ထောင်ဒဏ်များချမှတ်လိုက်ခြင်းသည် တရားခံအငှားဖြင့် တဖက်သတ် စွပ်စွဲချက်များစွဲဆိုကာ မတရားလုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုမောင်မောင်လေး က ပြောသည်။

“လူ့အခွင့်အရေးပဲဖြစ်ဖြစ်၊ ဒီမိုကရေစီရေးပဲဖြစ်ဖြစ် နအဖအနေနဲ့ လက်မခံနိုင်ဘူးဆိုတာကို ပြသတာဖြစ်တယ်၊ နောက်တချက်ကတော့ မြန်မာပြည်မှာ ဗုံးပေါက်ကွဲတယ်ဆိုတိုင်း တစုံတရာ တာဝန်ရှိတဲ့သူက မှန်ကန်တဲ့တရားခံကို မဖော်ထုတ်နိုင်တာပဲလား၊ မဖော်ထုတ်ချင်တာပဲလား တော့ မသိဘူး၊ အဲလိုကိစ္စတွေနဲ့ တမင်သက်သက် စွပ်စွဲချက်တွေနဲ့ ချလိုက်တယ်ဆိုတာကိုပဲ ကျနော်တို့က ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။

ဦးမြင့်အေးတို့အား လက်ရှိ အင်းစိန်ထောင်တွင်းမှာပင် ထားရှိထားပြီး မကြာခင် ကိုကိုးကျွန်းနှင့် မော်လမြိုင်ဘက်များသို့ ပို့ဆောင်မည်ဟု ထောင်အာဏာပိုင်အသိုင်းအဝိုင်းတွင် သတင်များ ထွက်ပေါ်နေကြောင်း သိရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com