Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

သံဃာ့လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် စွဲချက်ဖြင့် သံဃာ (၂) ပါးအား ထောင်ဒဏ်ချမှတ်

ရိုးမ ၃။ နိုဝင်ဘာ ၁၈၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် စွဲချက်များဖြင့် သံဃာ (၂) ပါးအား ထောင်ဒဏ်များ ချမှတ်လိုက်သည်။

ယမန်နေ့ ညနေပိုင်းတွင် ဗဟန်းမြို့နယ်တရားရုံးက ဦးစန္ဒာသီရိအား ပုဒ်မ (၅) ခုဖြင့် ထောင် ဒဏ် (၁၁) နှစ်၊ ဦးပဏ္ဍိတအား ပုဒ်မ (၄) ခုဖြင့် ထောင် (၉) နှစ် ချမှတ်လိုက်သည်။

ဦးစန္ဒာသီရိအား ပုဒ်မ(၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ (၂၉၅-က)၊ (၅၀၅-ခ) တို့ဖြင့် စွဲဆိုခြင်းဖြစ်ပြီး ဦးပဏ္ဍိတအား ပုဒ်မ (၁၄၅)၊ (၁၄၇)၊ (၁၅၂)၊ (၂၉၅-က) တို့ဖြင့် အမိန့်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါသံဃာ (၂) ပါးကို တရားရုံးမှ ထောင်ဒဏ်ချမှတ်လိုက်ပုံများမှာ အမှုတွဲများဖြင့် စီရင်ခြင်း မဟုတ်ဘဲ ရဲစစ်ချက်ဖြင့်သာ ကြားနာစီရင်အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ရှေ့နေ ဦးသန်းဇော်က ပြောသည်။

“သူတို့ကိုချလိုက်တာက အမှုတွဲပါရင် ကျနော်ပြောလို့ရတယ်၊ အမှုတွဲမပါတော့ ရဲထွက်ချက်တွေ ကို ရုံးမှာ ထွက်တယ်၊ တချို့ (ရယက)တွေကျတော့ ဒီလှုပ်ရှားမှုကို မမြင်ဘူး၊ ဗဟန်းမြို့နယ် တဝိုက်က ထောက်လှမ်းရေး ရဲအရာရှိတွေကျတော့ သူတို့ထွက်လာတော့ ဒီဟာကို မြင်တယ် ဆိုတဲ့အကြောင်းကို ထွက်ဆိုပြီး အမိန့်ချလိုက်တာ”ဟု ဦးသန်းဇော်က ပြောသည်။

ဦးပဏ္ဍိတသည် ကုန်းတလဘောင်ရွာမှဖြစ်ပြီး ဦးစန္ဒာသီရိမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေသိမ် ဓမ္မသိင်္ဂီကျောင်းတိုက်မှ ဖြစ်သည်။

အာဏာပိုင်များဘက်မှ အဆိုပါသံဃာ (၂) ပါးကို ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအပြီးတွင် ဖမ်းဆီး ခဲ့ပြီး လပေါင်းများစွာ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထား၍ ယခုကဲ့သို့ အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com