|
အရံရဲတပ်ဖွဲ့ဝင်များ နေ့စဉ် လုံခြုံရေးတာဝန်ယူနေရ
ဖြိုးကြီး။ နိုဝင်ဘာ ၁၇၊ ၂၀၀၈
အရံရဲတပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက်ပိုင်း
နေ့စဉ် လူစည်ကားရာ အချက်အခြာကျသည့်နေရာများ တွင်
လုံခြုံရေးစောင့်ကြပ်မှုများပြုလုပ်နေပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များထက် အလုပ်များနေ ကြောင်း မြို့ခံများက
ပြောသည်။
ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာ နေရာများဖြစ်သည့် လှည့်တန်းမီးပွိုင့်၊
ဆူးလေဘုရား၊ မြို့တော် ခန်းမ၊ ရွှေတိဂုံဘုရားပတ်ဝန်းကျင်နှင့်
တော်လှန်ရေးပန်းခြံနားတို့တွင် လုံခြုံရေးတာဝန်များ နေ့စဉ်
ထမ်းဆောင်နေရခြင်းဖြစ်သည်။
“အဲဒီအရံရဲတွေက လစာကလည်း (၃၀,၀၀၀) လောက်ပေးထားတာဆိုတော့ ရပ်ကွက်ထဲမှာ
တော်တော်ကို ဆွဲဆောင်မှုရှိနေတယ်၊ သူတို့တွေက နယ်ထိန်းရဲတွေထက်တောင်
အလုပ်များ နေတာ တွေ့နေရတယ်”ဟု ကမာရွတ်မြို့ခံတဦးက ပြောသည်။
ထိုအရံရဲများသည် မြို့နယ်အတွင်း အနှိပ်ခန်းများ၊ နှစ်လုံးထီ၊
သုံးလုံးထီ ရောင်းသူများထံမှ လိုင်းကြေးအနေဖြင့် တနေ့လျှင်
(၂,၀၀၀)နှင့်အထက် တောင်းယူမှုများလည်း ပြုလုပ်နေပြီး
အာဏာပိုင်များခိုင်းစေမှုကို တက်တက်ကြွကြွလုပ်ဆောင်ပေးနေသည်ကို
တွေ့ရကြောင်း မြို့ခံက ဆက်ပြောသည်။
“သူတို့တွေက အထက်ကခိုင်းတယ်ဆိုတာတွေကို အကုန်လုပ်ပေးတယ်၊
လူဆိုးဖမ်းတာလည်း လုပ်တယ်၊ အာဏာပိုင်တွေဘက်ကလည်း သူတို့ကို
လုပ်ပိုင်ခွင့်တွေက တော်တော်လေး ပေး ထားတဲ့ သဘောတော့ရှိတယ်”ဟု မြို့ခံက
ပြောသည်။ |