|
ကိုပြည့်ဖြိုးလှိုင်အပါအဝင် (၉) ဦးအဖွဲ့ကို ထောင်ဒဏ်ချမှတ်
ရိုးမ ၃။
နိုဝင်ဘာ ၁၁၊ ၂၀၀၈
ပြီးခဲ့သည့်နှစ်သြဂုတ်လအတွင်းက ဖမ်းဆီးခံလိုက်ရသည့်
ကျောင်းသားလူငယ်များကို ထောင် ဒဏ်များ ချမှတ်လိုက်သည်။
ယနေ့ညနေပိုင်းက အင်းစိန်ထောင်တွင်းတရားရုံးတွင်
ကိုပြည့်ဖြိုးလှိုင်အပါအဝင် (၉) ဦးအဖွဲ့ကို ထောင်ဒဏ်များ အသီးသီး
ချမှတ်လိုက်ခြင်းဖြစ်သည်။
ကိုပြည့်ဖြိုးလှိုင်အား ထောင်ဒဏ် (၂၄) နှစ်၊ နေလင်းအောင်အား တရားမဝင်
နယ်စပ်ဖြစ်ကျော် သည့်ပုဒ်မ (၁၃/၁)၊ ပုံနှိပ်ဥပဒေ (၁၇/၂၀)၊ ၅၀၅(ခ)
တို့ဖြင့် ထောင်ဒဏ် (၂၂)နှစ်၊ သီဟသက် ဇင်နှင့်
ဖြိုးမောင်မောင်စိုးတို့အား ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ ၅၀၅(ခ)တို့ဖြင့်
ထောင်ဒဏ် (၈) နှစ်၊ သီဟအောင်၊ အောင်မျိုးပိုင်နှင့် အခြားသုံးဦးအား
ထောင်ဒဏ် (၁၀)နှစ် အသီးသီးချမှတ်လိုက် သည်။
ထို့အပြင် (HRDP)အဖွဲ့မှ ကိုအောင်ဇော်ဦး(ဘိုကလေး)၊
ကိုကျော်စိုး(တောင်ကြီး)၊ ကိုမောင်ကံ (ဝါးခယ်မ)တို့အား ထောင်ဒဏ် (၁၂)
စီနှင့် ကိုအောင်မြင့်အား ထောင်ဒဏ် (၂) နှစ် အသီးသီး ချမှတ်လိုက်သည်။
စစ်အစိုးရအာဏာပိုင်များက ယခုလပိုင်းအတွင်း နိုင်ငံရေးအမှုများဖြင့်
တရားစွဲဆိုခံထားရသူများ ကို အမြန်ဆုံး ပြစ်ဒဏ်များချမှတ်ခြင်း၊
မိသားစုနှင့်အလှမ်းဝေးသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်ခြင်းများ
လုပ်ဆောင်နေလျှက်ရှိသည်။ |