Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကိုသူရိန်အောင်အပါအဝင် အကျဉ်းသား (၅) ဦးကို
နယ်အကျဉ်းထောင်များသို့ပို့ဆောင်

ဖြိုးကြီး။ နိုဝင်ဘာ ၄၊ ၂၀၀၈

ပြီးခဲ့သည့်နှစ် မေဒေးအခမ်းအနားသို့သွားရောက်စဉ် အဖမ်းခံရသူ ကိုသူရိန်အောင် အပါအဝင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသူများကို စစ်အစိုးရအာဏာပိုင်များက နယ်အကျဉ်း ထောင်များသို့ ပို့ဆောင်လိုက်သည်။

ယခုလ (၂) ရက်နေ့က ကိုသူရိန်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၅) ဦးကို နယ်အကျဉ်းထောင်များသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း အစ်မဖြစ်သူက ပြောသည်။

“သူရိန်အောင်တို့ကို ထောင်ပြောင်းလိုက်တာ (၂) ရက်နေ့ မနက်ပိုင်းက ပြောင်းလိုက်တာ၊ အဲလိုပြောင်းလိုက်တာကို မိသားစုတွေကို အကြောင်းကြားတာလဲမရှိဘူး၊ ဘယ်သူမှလဲ မသိ လိုက်ဘူး၊ မနေ့ကမှ ထောင်မှာသွားစုံစမ်းလို့ ပြောင်းတယ်ဆိုတာကို သိရတာ”ဟု ကိုသူရိန် အောင်၏အစ်မဖြစ်သူ မစန္ဒာက ပြောသည်။

ကိုသူရိန်အောင်နှင့် ကိုကျော်မင်းအား စစ်တွေအကျဉ်းထောင်၊ ကိုကျော်ကျော်နှင့် ကိုဝေလင်း အား မန္တလေးအကျဉ်းထောင်နှင့် ကိုညီညီဇော်အား တောင်ကြီးအကျဉ်းထောင်များသို့ အသီးသီး ပို့ဆောင်လိုက်ပြီး ကိုမျိုးမင်းအား အင်းစိန်ထောင်၌ပင် ဆက်လက်ထားရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တုန်းက ဒီအင်းစိန်ထောင်မှာ တွေ့ရဖို့တောင် တော်တော်ကြိုးစား ပိုက်ဆံရှာပြီး သွားတွေ့ နေရာတာ၊ အခုလို အဝေးကြီးတွေကို ပို့လိုက်တော့ ထောင်ဝင်စာသွားတွေ့ဖို့ဆိုတာ အရမ်းခက် သွားပြီ၊ ခရီးစရိတ်တွေက အဆမတန်ကုန်ကျတဲ့အပြင် ရောက်လို့ တွေ့ရမယ်၊ မတွေ့ရဘူးဆိုတာ ကလဲ သိပ်မသေချာဘူး ”ဟု ကိုသူရိန်အောင်၏ဇနီးဖြစ်သူ မမိုးမိုးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအား မိသားစုဝင်များနှင့် တွေ့ရန်ခက်ခဲ့ သည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်နေခြင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေ ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com