Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

နိုင်ငံရေးအကျဉ်းသားများကို နယ်အကျဉ်းထောင်များသို့ ပြောင်းရွှေ့

ရိုးမ ၃။ နိုဝင်ဘာ ၁၆၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက ၈၈ ကျောင်းသားခေါင်းဆောင်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို ထောင်ဒဏ်များချမှတ်ပြီးနောက် မိသားစုများနှင့်ဝေးလံသည့် နယ်အကျဉ်း ထောင်များသို့ ပို့ဆောင်လိုက်သည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် အခြား နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၃) ဦးခန့်ကို နယ်အကျဉ်းထောင်များသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ကျိုင်းတုံ၊ ကိုမြအေး လွိုင်ကော်၊ ကိုပြုံချို ကော့သောင်း၊ ကိုဌေးကြွယ် ဗူးသီးတောင်၊ ကိုမျိုးအောင်နိုင် ကလေး၊ ကိုလှမျိုးနောင် မြစ်ကြီးနား၊ ကိုအောင်သူ နှင့် အခြားကျောင်းသား ခေါင်းဆောင် (၈) ဦးအား ပူတာအိုအကျဉ်းထောင်များသို့ အသီးသီး ပို့ဆောင်လိုက်သည်။

ရှေ့နေကြီးဦးအောင်သိန်းနှင့် ရှေ့နေဦးခင်မောင်ရှိန်တို့အားလည်း ပုသိမ်နှင့် မြောင်းမြထောင် များသို့ ယနေ့ နေ့လည်ပိုင်းက ပို့ဆောင်လိုက်သည်။ ထိုသို့ အာဏာပိုင်များက ထောင်ပြောင်း ရွှေ့ခဲ့သော်လည်း မိသားစုဝင်များအား တရားဝင် အကြောင်းကြားခြင်းမရှိကြောင်း သိရသည်။

ရှေ့နေကြီး ဦးအောင်သိန်း၏ဇနီး ဒေါ်ခင်မြင့်က “နေ့လည် (၂) နာရီခွဲက သိရတယ်၊ တရားဝင် အကြောင်းမကြားပါဘူး၊ နောက်ဆက်တွဲကတော့ ဘာမှမကြားရဘူး၊ မနက်ဖန်မှ သွားစုံစမ်းရမှာ၊ ဇနီးတယောက်အနေနဲ့ပြောရရင် သူတို့လက်ခုပ်ထဲက ရေဆိုတော့ သွန်ချင်သွန် မှောက်ချင် မှောက် လုပ်မှာပေါ့၊ ထောင်ပြောင်းတာတောင်မှ သူများမိသားစုတွေ ထောင်ဝင်စာတွေ့ပြီး ပြန် လာလို့ ပြောမှသိရတာ”ဟု ပြောသည်။

ထို့အပြင် ကိုမြစံ၊ ကိုတင်စန်းတို့အား မုံရွာ၊ မစုစုနွေးအား မန္တလေး၊ ကိုဘိုဘိုဝင်းလှိုင်အား ပူတာအို၊ ရွှေသံလွင် ကိုဝင်းမော်အား သာယာဝတီထောင်နှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးဝိလစက္က (ခ) ကိုလှထွေး၊ ဦးနန္ဒသီရိ (ခ) နိုင်လင်း၊ ဦးအိဣိယ (ခ) အောင်ကို ငြိမ်းနှင့် ကဗျာဆရာ ကိုစောဝေတို့အား ယနေ့ နယ်အကျဉ်းထောင်များသို့ အသီးသီး ပြောင်းရွှေ့ လိုက်ကြောင်း ထောင်ဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com