Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ဘလော်ဂါ ကိုနေဘုန်းလတ်အား ဘားအံအကျဉ်းထောင်သို့ပြောင်း

ဖြိုးကြီး။ နိုဝင်ဘာ ၁၇၊ ၂၀၀၈

ယခုလ (၁၀) ရက်နေ့က ထောင်ဒဏ်အနှစ် (၂၀) ချမှတ် ခံလိုက်ရသည့် ဘလော်ဂါ ကိုနေဘုန်းလတ်အား အာဏာ ပိုင်များက နယ်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။

ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်စုံစမ်း ခဲ့သည့် ဖခင်ဖြစ်သူအား ထောင်အာဏာပိုင်များက ကိုနေဘုန်းလတ်အား ကရင်ပြည်နယ်၊ ဘားအံအကျဉ်း ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဘားအံထောင်ကို ပြောင်းလိုက်တာပါ၊ ဘယ်အချိန်ပြောင်း တာလဲဆိုတာတော့ အတိအကျမသိဘူး၊ ထောင်မှာ သွားမေးတော့ မနက်က ပြောင်းတာတဲ့၊ တချို့ကပြောတာတော့ ညကတည်းက ပြောင်းတာလို့ပြောတယ်၊ ပြောင်းသွားတယ်ဆိုတာကို တာဝန်ခံတယောက်က အင်္ကျီသွားပေးတော့မှ ပြောတာ၊ ပေးလို့မရတော့ပါဘူး၊ ထောင်ပြောင်း သွားပါပြီလို့ ပြောတယ်”ဟု ကိုနေဘုန်းလတ်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသန်းက ပြောသည်။

ထောင်အာဏာပိုင်များက ကိုနေဘုန်းလတ်အား ထောင်ဝင်စာသွားတွေ့ရန် လွယ်ကူကြောင်း ပြောဆိုလိုက်သည့်အတွက် လာမည့်ကြာသာပတေးနေ့တွင် ဘားအံအကျဉ်းထောင်တွင် ထောင် ဝင်စာ သွားတွေ့ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ကိုနေဘုန်းလတ်အား ထောင်ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ “တရားဝင် အကြောင်း ကြားလားဆိုတော့ မြန်မာနိုင်ငံမှာ အဲလိုရှိရင် ဒီလိုတောင်မနေပါဘူး၊ အဲလိုထောင်ပြောင်းလိုက် တဲ့ အပေါ်မှာ အန်တီမြင်တာကတော့ နှိပ်စက်ပြီးရင်း နှိပ်စက်နေတယ်လို့ပဲ မြင်တယ်”ဟု ပြောသည်။

ကိုနေဘုန်းလတ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ ထောင်ပြောင်း မည်ကို ကြိုတင်တွေးထားပြီး ခံနိုင်ရည်ရှိကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဘားအံအကျဉ်းထောင်သို့ ပြောင်းရွှေ့ရာတွင် ကိုနေဘုန်းလတ်နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဉာဏ်လင်းနှင့် အခြား အမည်မသိရသူ (၁၁) ဦးခန့် ပါဝင်ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

ထို့အပြင် သံဃာတော်များဖြစ်သည့် ဦးဝိလစက္ကနှင့် ဦးနန္ဒသီရိအား စစ်ကိုင်းတိုင်း၊ မုံရွာထောင် သို့ ပြာင်းရွှေလိုက်ပြီး ရွှေသံစဉ် ကိုဝင်းမော်အား တောင်ငူ၊ မစုစုနွေးအား ကလေးထောင်များသို့ အသီးသီး ပို့ဆောင်ခြင်းခံရကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့်နီးစပ်သူက ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com