Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

(ဗကသ)အဖွဲ့ဝင်များကို ထောင်ဒဏ်များချမှတ်

ရိုးမ ၃။ နိုဝင်ဘာ ၁၇၊ ၂၀၀၈

(ဗကသ)ခေါင်းဆောင် ကိုစည်သူမောင်အပါအဝင် (၇) ဦးကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၆) နှစ်ခွဲ အမိန့်ချမှတ်လိုက်သည်။

ယနေ့နံနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးမှ စွဲဆိုထားသည့် ပုဒ်မ(၁၄၃)၊ (၁၄၅)၊ (၁၄၇)၊(၅၀၅-ခ) တို့ဖြင့် ကိုစည်သူမောင်၊ ကိုသိန်းဆွေ၊ ကိုမျိုးသန့်၊ ကိုကြည်ဖြူ၊ ရဲမင်းဦး၊ ရဲမြတ်ဟိန်း နှင့် ဇင်လင်းအောင်တို့အား ထောာင်ဒဏ် အသီးသီးချမှတ်လိုက်ခြင်းဖြစ်သည်။

“အဲမှာ စည်သူမောင်၊ ဇင်လင်းအောင်၊ ရဲမြတ်ဟိန်း၊ ရဲမင်းဦးတို့က (၂၀၀၇) ကျောင်းသားတွေပါ၊ အဲဒီအထဲမှာ ရဲမြတ်ဟိန်းနဲ့ စည်သူမောင်တို့နှစ်ဦးကို တခြားတရားရုံးက စွဲထားတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ထပ်တိုးတာတွေရှိတယ်”ဟု ထောင်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ပြော သည်။

အသက် (၁၇) နှစ်အရွယ် အနောက်ပိုင်းတက္ကသိုလ် သင်္ချာပထမနှစ်ကျောင်းသား ကိုရဲမြတ်ဟိန်း သည် အသက်ငယ်ရွယ်သဖြင့် အနောက်ပိုင်းခရိုင်တရားရုံးက စွဲဆိုထောင်ချသည့် (၆) နှစ်ခွဲ အစား (၅) နှစ်နှင့် တညင်မြို့နယ်တရားရုံးက ကိုရဲမြတ်ဟိန်းကို (၁၄၃)၊ (၁၅၂) ပုဒ်မနှစ်ခု ထပ်တိုး၍ ထောင်ဒဏ် စုစုပေါင်း (၁၀) နှစ်၊ ကိုစည်သူမောင်အား တာမွေတရားရုံးမှ စွဲဆိုထား သည့် အသင်းဖွဲ့ပုဒ်မ (၆) ဖြင့် (၅) နှစ်ထပ်တိုးကာ စုစုပေါင်း (၁၁) နှစ်ခွဲ ချမှတ်လိုက်ကြောင်း သူတို့၏အမှုလိုက်ရှေ့နေ ဦးသန်းဇော်က ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်ဟု အာဏာပိုင်များဘက်က စွဲဆိုသည့် ပုဒ်မများနှင့် ယခု ထောင်ချခံရသူများထဲတွင် ပါဝင်သည့် ကိုကြည်ဖြူမှာ စက်တင်ဘာမတိုင်မီ သြဂုတ်လအတွင်းက ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ကိုဇင်လင်းအောင်မှာ စက်တင်ဘာလအတွင်း စာမေးပွဲဖြေဆိုနေသည့် တက္ကသိုလ်ကျောင်းသားတဦးဖြစ်နေသည့် သက်သေအထောက်အထား များကို တရားရုံးသို့တင်ပြခဲ့သော်လည်း လွဲမှားစွာ တရားစီရင်ခံရသူများဖြစ်သည်ဟု ရှေ့နေ ဦးသန်းဇော်က ဆက်ပြောသည်။

ထို့အပြင် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား အနောက်ပိုင်း ခရိုင် တရားရုံးမှ စွဲဆိုထားသည့် ပုဒ်မ (၃၈၇)၊ (၂၉၅)၊ (၁၄၃)၊ (၁၄၅)၊ (၁၄၇)၊ (၅၀၅-ခ) တို့ဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် တရားသူကြီး ဦးကျော်ဆွေက ထောင်ဒဏ် (၁၂) နှစ် နှင့် (၆) လ ချမှတ်လိုက်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com