Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ်နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ထောင်ဒဏ်များထပ်တိုး

ရိုးမ ၃။ နိုဝင်ဘာ ၁၆၊ ၂၀၀၈

အင်းစိန်ထောင်တွင်းတရားရုံးက အမိန့်ချစဉ် တရားရုံးကို အယုံအကြည်မရှိသည့်အတွက် နောက်ပြန်ထိုင်ကာ ဓါတ်ပုံအရိုက်မခံဘဲနေခဲ့သည့် ကိုပြည့်ဖြိုးလှိုင် ကျန်းမာရေးမကောင်းဖြစ် နေပြီး သူ့နှင့်အမှုတွဲနှစ်ဦးကို ပုဒ်မများ ထပ်တိုးပြီး ထောင်ဒဏ် ထပ်မံတိုးလိုက်သည်။

ကိုပြည့်ဖြိုးလှိုင်အပါအဝင် ကျောင်းသားလူငယ် (၉) ဦးကို ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ယခုလ (၁၁) ရက်နေ့၊ ညနေ ပိုင်းတွင် အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် (၂၄) နှစ်မှ (၈) နှစ်အထိ အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်။

အစာအိမ်ရောဂါရှိသူ ကိုပြည့်ဖြိုးလှိုင်အား ချုပ်နှောင်ထားသောနေရာမှာ အလွန်အေးသည့် ဒဏ်ကြောင့် ကျန်းမာရေးအခြေအနေ ချို့ယွင်းနေခြင်းဖြစ်ပြီး ကိုသီဟသက်ဇင်အား ပုဒ်မ
(၁၃-၁) နှစ်ကြိမ် တိုး၍ တကြိမ်လျှင် (၅) နှစ်ဖြင့် စုစုပေါင်း (၁၈) နှစ်ချမှတ်ပြီး ကိုသိန်းဇော်အား ပုဒ်မ(၁၃-၁) တခါထပ်တိုးပြီး (၅) နှစ် ချလိုက်သဖြင့် ယခင်အမှုတွဲ ထောင်ဒဏ် (၈) နှစ်ပေါင်း (၁၃)နှစ် ထပ်တိုးလိုက်ခြင်းဖြစ်ကြောင်း ကိုပြည့်ဖြိုးလှိုင်၏မိခင်က ပြောသည်။

“သီဟသက်ဇင်ကို နယ်စပ်ဖြတ်ကျော်ပုဒ်မ နှစ်ကြိမ်ထပ်တိုးလိုက်တယ်၊ သိန်းဇော်ကိုတော့ နယ်စပ်ဖြတ်ကျော် တကြိမ်တိုးလိုက်ပြီး ထောင်ဒဏ်တွေ ထပ်တိုးလိုက်တယ်”ဟု ပြောသည်။

ကိုပြည့်ဖြိုးလှိုင်အား ယခင် ထောင်မကြီးတွင် (၉) လခန့် သီးသန့်ထားရှိပြီး ယခုအခါ သီးခြား အဆောင်သို့ ပြောင်းရွှေ့ထားကြောင်းနှင့် ကိုပြည့်ဖြိုးလှိုင်၏နောက်ဆုံးအခြေအနေကို မိခင်ဖြစ် သူက ဆက်ပြောသည်။

“ပြည့်ဖြိုးလှိုင်က သူ့ကို ဓါတ်ပုံရိုက်ဖို့ တရားသူကြီးဘက်ကို လှည့်ဖို့ပြောတာ လုံးဝကိုမလှည့်ဘဲ နောက်ပြန်ထိုင်နေခဲ့တာ၊ သူ့ကျန်းမာရေးက အခု သူ့ကိုထားတဲ့နေရာက တအားအေးတဲ့နေရာ ဖြစ်တော့ ရောဂါပြန်ဖြစ်နေတာပေါ့”ဟု ပြောသည်။

အာဏာပိုင်များဘက်က ကိုပြည့်ဖြိုးလှိုင်တို့အား ဝေးလံသည့် နယ်အကျဉ်းထောင်များသို့ ပို့ဆောင်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com